Home
မြန်မာသတင်း
အစိုးရအား ဆန့်ကျင်သပိတ်စခန်းဖွင့်ခဲ့သည့် ကို​ကျော်​မျိုး​ရွှေကို ရုံးထုတ်စစ်ဆေး
Aung Aung Naing
·
March 14, 2018
  အစိုးရကို ဆန့်ကျင်သပိတ်စခန်းဖွင့်ခဲ့တဲ့ ကို​ကျော်​မျိုး​ရွှေကို မန္တလေးမြို့ ချမ်းမြသာစည်​မြို့နယ်​တရားရုံးမှာ​ ဒီနေ့ ရုံးထုတ်​စစ်​​ဆေးခဲ့ပါတယ်။ “လက်​ရှိအစိုးရ အာဏာမရခင်​တုန်းက တရားဥပ​ဒေစိုးမိုး​ရေးဒီမိုက​ရေစီအ​ရေးဆိုပြီး​ ရှေ့က​ အစိုးရအဆက်​ဆက်​ကို တိုက်​ထုတ်​ခဲ့တယ်​။ အဲ​တော့ လုပ်​ပိုင်​ခွင့်ရပြီ အာဏာရပြီ။ အ​ပြောင်းအလဲ တခုကိုလုပ်နိုင်​ပြီ။ လုပ်​နိုင်​ပါလျက်နဲ့ ဘာဖြစ်​လို့ ဥပ​ဒေနဲ့မညီတဲ့အမိန့်​​တွေ ထုတ်​ပြန်​ ပြီး​တော့ ပြည်​သူကို နှိပ်​ကွပ်​​နေရတာလဲ၊ တရားဥပ​ဒေစိုးမိုးမှုကို လုပ်​ပိုင်​ခွင့် အာဏာရ​နေပါရက်​နဲ့ တရားဥပ​ဒေစိုးမိုးမှု ဘာလို့မလုပ်​တာလဲ၊ တရားစီရင်​​ရေးမဏ္ဍိုင်​ကို ဘာလို့မတည့်မတ်​တာလဲ လို့ ကျ​နော်မေးချင်​တယ်​”လို့ ကိုကျော်မျိုးရွှေက ​ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက တရားလိုပြုလုပ်ပြီး သပိတ်စခန်းမှာပါဝင်တဲ့ ကိုကျော်မျိုးရွှေပါ ၅ ဦးကို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့ကာ ၄ ဦးမှာ လွတ်မြောက်နေပြီး ဒီက​နေ့အထိ မဖမ်းဆီးနိုင်​​သေး​ကြောင်း သိရပါတယ်​။ အစိုးရအား ဆန့်ကျင်တဲ့ သပိတ်စခန်းဖွင့်ခဲ့တဲ့ အဖမ်းဆီးခံ သံဃာ ၆ ပါးကို ၂၀၁၇ ခု ဒီဇင်ဘာလ ၂၇ ရက်နေ့က ချမ်းမြသာစည်မြို့နယ် တရားသူကြီးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ၆ လကို ကျခံရန်အမိန့်ချခဲ့ပါတယ်​။ ကိုကျော်မျိုးရွှေဟာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် သာသနာ ၂၅၀၀ ဗိမ္မာန်မှာ အစိုးရကို ဆန့်ကျင် သပိတ်စခန်းဖွင့်ခဲ့သောကြောင့် ဖမ်းဆီးခံရခဲ့ရတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024