အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှိုင်းယားကို အဲဗာတန် ခေါ်ယူရန် ပြင်ဆင်

ဓာတ်ပုံ - ရိုက်တာ
အဲဗာတန်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားကို တပတ်လုပ်ခ ပေါင် ၈ သောင်းနဲ့ တခြားဆုကြေးတွေပါဝင်တဲ့ ကမ်းလှမ်းချက်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၆ နှစ်အရွယ် အဲဒီကစားသမားဟာ အာဆင်နယ်အသင်းမှာ ပုံမှန်ခြေစွမ်း ပြနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဝီလ်ရှိုင်းယားအနေနဲ့ အာဆင်နယ်အသင်းမှာ ဆက်လက်နေထိုင်လိုပေမယ့် အသင်းရဲ့ လစာလျှော့မယ့် အခြေအနေကိုတော့ လိုလားခြင်းမရှိဘူးလို့ သိရပါတယ်။ ဝီလ်ရှိုင်းယားကို ဂျူဗင်တပ်နဲ့ အေစီမီလန်အသင်းတို့ကလည်း ခေါ်ယူလိုနေပြီး လာမယ့်ရာသီကုန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့တော့ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးကို ဆက်လက်ထိန်းသိမ်းထားလိုပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up