တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ ယစ်မျိုးရောင်းချဆိုင်များ ပိတ်ထားရန် ညွှန်ကြား
Aung Aung Naing
·
March 14, 2018
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အတွင်းရောင်းချနေတဲ့ ယစ်မျိုးရောင်းချဆိုင် အားလုံးကို တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ နောက်ဆုံးနေ့ မတ်လ ၁၄ ရက်နေ့နဲ့ သမိုင်းဖြေဆိုမယ့် မတ်လ ၁၆ ရက်တွေကို လုံးဝရောင်းချခွင့်မပြုသလို ဆိုင်ပိတ်ထားဖို့ ညွှန်ကြားချက်ထုတ်ပြန်ထား ပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူးညွှန်ကြားချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားတဲ့အတွက် ယစ်မျိုးရောင်းချဆိုင်တွေ ပိတ်ထားတာပါ။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က “ဆယ်တန်းတွေဖြေပြီးတဲ့ အချိန်မှာ ခိုက်ရန်ဖြစ် တာတွေကို ယစ်မျိုးရောင်းချတဲ့ ဆိုင်တွေကနေပြီး ဖြစ်ပွားလာတာမျိုးတွေ မဖြစ်ပွားရအောင် ကြိုတင် ကာကွယ်ထားတဲ့ သဘောပါ”လို့ ပြောပါတယ်။
လိုက်နာမူမရှိတဲ့ဆိုင်တွေကို ပုဒ်မ ၁၈၈/ နဲ့အရေးယူသွားမှာဖြစ်ပြီး ချမ်းမြသာစည်မြို့်နယ် အတွင်းမှာ ယစ်မျိုးဆိုင်ပေါင်း ၄၀၀ နီးပါးရှိပါတယ်။