Home
မြန်မာသတင်း
မိခင်ပျောက်ဆုံး ဝံသားပေါက် ၂ ကောင်ကို သစ်တောဦးစီးဌာနထံ ပေးအပ်
DVB
·
March 13, 2018
  မိခင်ပျောက်ဆုံးနေတဲ့ ဝံသားပေါက် အမ ၂ ကောင်ကို ဝန်းသိုမြို့နယ်သစ်တောဦးစီးဌာနဆီ ဒီနေ့ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့၊ ဒေါင်းမြူးခန်းမမှာ ဒီနေ့ မနက်ပိုင်းက ပေးအပ်ခဲ့တာလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ မိခင်ပျောက်ဆုံးနေတဲ့ ၄၅ ရက်သားအရွယ် ဝံသားပေါက်နှစ်ကောင်အား ဝန်းသိုမြို့နယ် မိုင်းသုန်ကျေးရွာနေ ဦးအောင်ငြိမ်းက မိုင်းသုန်ကျေးရွာ အရှေ့ဘက် ၄ မိုင်ခန့်အကွာမှာ တွေ့ရှိခဲ့တာပါ။ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးမြင့်အေးနဲ့ တာဝန်ရှိသူတွေနဲ့ မိုင်းသုန်ကျေးရွာ ပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ကျော်မြိုင် (ပြန်/ဆက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024