ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဧရိယာအတွင်း ဆိုင်ခန်းများ ငှားရမ်းမှု ခွင့်ပြုထားခြင်းမရှိ
ကျော်ဇေယျာဝင်း
·
March 13, 2018
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းအချို့မှာ ရန်ပုံငွေ အကြောင်းပြချက်နဲ့ ရုံးဧရိယာအတွင်း ဆိုင်ခန်းနေရာ ငှားရမ်းမှုတွေ ရှိနေသော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုထားခြင်း မရှိဘူးလို့ ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ လသာမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန် မေးမြန်းတဲ့ ကြယ်ပွင့်ပြ မေးခွန်းကို ဖြေကြားရာမှာ ပြောသွားတာပါ။
အရှေ့ပိုင်းခရိုင်မှာရှိတဲ့ ရပ်ကွက်လေးခုမှာ ဆိုင်ခန်း ၁၇ ခန်း၊ တောင်ပိုင်းခရိုင်မှာရှိတဲ့ ရုံးတရုံးမှာ ဆိုင်ခန်း သုံးခန်း၊ မြောက်ပိုင်းခရိုင်မှာရှိတဲ့ ရုံးနှစ်ရုံးမှာ ခုနစ်ခန်း ဖွင့်လှစ်ထားတာ တွေ့ရပြီး အနောက်ပိုင်းခရိုင်မှာတော့ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ဆိုင်ခန်းနေရာ ငှားရမ်းထားရှိနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တရုံးချင်းစီအလိုက် ငှားရမ်းထားရှိမှု အခြေအနေကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်တွေကို တိုင်းအစိုးရအဖွဲ့ကို တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။