Home
မြန်မာသတင်း
ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း နှစ် ၃၀ ပြည့် အခမ်းအနားကျင်းပ
ဇေယျာချမ်းအေး
·
March 13, 2018
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခြင်း နှစ် ၃၀ ပြည့် အခမ်းအနားကို မတ် ၁၃ ရက် ဒီနေ့မနက်မှာ ရန်ကုန်နည်းပညာတက္ကသိုလ် ပင်မဆောင်မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအဝင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားတွေ တက်ရောက်ပြီး လွမ်းသူ့ပန်းခြင်းချ အလေးပြုခဲ့ကြပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသားတွေ ဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ဟာ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ လုံထိန်းတပ်ဖွဲ့တွေရဲ့ သေနတ်နဲ့ ပစ်သတ်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024