Home
မြန်မာသတင်း
မုံရွာမြို့နယ်၊ ကျောက္ကာရေနံချက်ဖိုတွင် မီးလောင်
Aung Ko Latt
·
March 13, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာရှိ ကျောက္ကာရေနံချက်ဖိုတွင် မတ်လ ၁၂ ရက် မနက်ပိုင်းက ရေနံချက်ရာကနေ မီးလောင်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ ရေနံချက်နေစဉ် ချက်ဖိုဆီကန်အဖုံး မလုံတာကနေ ဆီလျှံကျပြီး မီးဖိုကတဆင့် မီးကူးစက် လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ မီးလောင်မှုကြောင့် ရေနံစိမ်းနဲ့ ရေနံချက်ဖို အဆောက်အဦတို့ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်မှုကို မီးသတ်ယာဉ် ၉ စီး၊ ရေသယ်ယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး၊ ပြည်သူ၊ ရဲ၊ တပ်မတော်သားတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ မီးလောင်ရာကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ တိုင်းမီးသတ်ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၊ ဒုညွှန်မှူး ဦးကျော်ကျော်တို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲသူ ဦးဌေးညွန့်ကို မုံရွာနယ်မြေရဲစခန်းမှ (ပ)၇၃/၂၀၁၈၊ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။ မတ်လ ၁၁ ရက်နေ့ကလည်း မုံရွာမြို့ ညောင်ကိုင်းအင်းမှာ အလုံနတ်ပွဲသွားနေတုန်း မီးဖိုမီးကြွင်းမီးကျန်ကတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့လို့ မြေစိုက်တဲ ၃ လုံး မီးလောင်မှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024