Sunday, June 11, 2023
HomeLead Storyအမျိုးသမီးအခွင့်အရေး ထောက်ခံသည့်အနေဖြင့် ပါရီတွင် ဆိုင်ကယ်အလှစီးပြိုင်ပွဲ ပြုလုပ်

အမျိုးသမီးအခွင့်အရေး ထောက်ခံသည့်အနေဖြင့် ပါရီတွင် ဆိုင်ကယ်အလှစီးပြိုင်ပွဲ ပြုလုပ်

အမျိုးသမီး အခွင့်အရေးတွေကို ထောက်ခံတဲ့အနေနဲ့ မတ်လ ၁၁ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့ လမ်းတွေပေါ်မှာ မော်တော်ဆိုင်ကယ် အလှစီးပြိုင်ပွဲ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုပြီး “ဆိုင်ကယ်စီးအမျိုးသမီးများ” လို့ အမည်ပေးထားတဲ့ မော်တော်ဆိုင်ကယ် အလှစီးပြိုင်ပွဲမှာ ဆိုင်ကယ်စီး အမျိုးသား အမျိုးသမီး ၁၀၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

“ဒီမော်တော်ဆိုင်ကယ် အလှစီးပြိုင်ပွဲကြောင့် တခြားအမျိုးသမီးတွေ မရတဲ့ လွတ်လပ်မှုမျိုး ကျမတို့ရပါတယ်။ ကျမတို့ ဒီအခွင့်အရေးတွေ ဆက်လက်ရချင်ပြီး ဒီဆိုင်ကယ်အလှစီး ပြိုင်ပွဲကနေတဆင့် ဂုဏ်ပြုပါတယ်” လို့ ပွဲစီစဉ်သူ စီလင်းဂူရူက ပြောခဲ့ပါတယ်။

“ပြင်သစ်မှာ အမျိုးသမီးအခွင့်ရေးတွေ ပိုမိုကောင်းမွန်လာပါတယ်။ အမျိုးသမီးတွေ ငြိမ်မနေဘဲ ဖွင့်ပြောလာကြတာတွေ ရှိပါတယ်။ ဆိုးတာက အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ များနေဆဲပါပဲ။ ဒါကြောင့် ကျမတို့ လှုပ်ရှားရမယ်။ ဆိုင်ကယ်စီး အမျိုသမီးများဆိုတဲ့ ဆိုင်ကယ်အလှစီးပြိုင်ပွဲဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားတာဖြစ်ပါတယ်” လို့ ဆိုင်ကယ်အလှစီးပြိုင်ပွဲဥက္ကဋ္ဌ လောရန့်စ်ဖစ်ရှာက ပြောပါတယ်။

“စိတ်မကောင်းစရာက အမျိုးသမီးတွေမှာ အခွင့်အရေးတွေရှိတယ်။ အမျိုးသားတွေနဲ့ တန်းတူပဲဆိုတာကို ပြသတဲ့ အခုလို ဆန္ဒပြပွဲတွေကို လုပ်နေရသေးတာပဲ။ အမျိုးသမီး အမျိုးသား တန်းတူအခွင့်အရေး ရတဲ့နေ့ကျရင် အမျိုးသမီး အခွင့်အရေးအတွက် ဒီလို အထူးအခါသမယတွေ လုပ်စရာလိုမယ် မထင်ပါဘူး” လို့ ပါရီမြို့က ဆိုင်ကယ်စီးသမား ယွန်ဟိုဘယ့်က ပြောပါတယ်။

အဲဒီ ဆိုင်ကယ်အလှစီးပြိုင်ပွဲကို အမျိုးသား ဆိုင်ကယ်စီးအသင်းတွေက ဦးဆောင်ကျင်းပပြီး တခြားမြို့တွေဖြစ်ကြတဲ့ လိုင်ယွန်၊ မာဆေးနဲ့ ဘော့ဒိုးမြို့တွေမှာလည်း ကျင်းပပြုလုပ်ခဲ့ပြီး ဒီနှစ် မော်တော်ဆိုင်ကယ် အလှစီးပြိုင်ပွဲကို ၇ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular