A d v e r t i s e m e n t With Us

မြစ်ဆုံ​ရေကာတာဆက်လုပ်ရန် တရုတ်ကုမ္ပဏီ ကြိုး​စား​နေဟု ကချင်အဖွဲ့​ ​ကြေညာ

သမ္မတဦး​သိန်း​စိန်က ရပ်ဆိုင်း​ဖို့​ ညွှန်ကြား​ထား​တဲ့​ ကချင်ပြည်နယ် မြစ်ဆုံ ​ရေအား​လျှပ်စစ်စီမံကိန်း​ကို ပြန်လည်စတင်ဖို့​ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား​ ရင်း​နှီး​မြှုပ်နှံမှု ​ကော်ပို​ရေး​ရှင်း​ (စီပီအိုင်)က ပြန်ပြီး​ ကြိုး​စား​နေတယ်လို့​ ကချင် လူမှုဖွံ့​ဖြိုး​ရေး​ကွန်ရက်အဖွဲ့​ (​ကေဒီအန်ဂျီ)က ​ကြေညာလိုက်ပါတယ်။ မြစ်ဆုံ​ရေကာတာ တည်​ဆောက်ခြင်း​ဟာ ပြည်သူ​တွေအတွက် အကျိုး​မရှိဘူး​ ဆိုတဲ့​ သံသယကို ပယ်​ဖျောက်နိုင်ဖို့​အတွက် တရုတ်ကုမ္ပဏီက ကြိုး​စား​နေတာလို့​ (​ကေဒီအန်ဂျီ) အဖွဲ့​ရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ မဆိုင်း​မိုင်က ​ပြောပါတယ်။ မြစ်ဆုံစီမံကိန်း​ ဆက်​ဆောက်ခွင့်​ရဖို့​အတွက် စီပီအိုင်ကုမ္ပဏီက ကိုယ်စား​လှယ်​တွေ လွှတ်ပြီး​ ​နေရာ​ရွှေ့​ပြောင်း​ခံရတဲ့​ ​ဒေသခံပြည်သူ​တွေကြား​မှာ ကွင်း​ဆင်း​ စည်း​ရုံး​နေသလို၊​ မြစ်ဆုံ​ရေအား​လျှပ်စစ်စီမံကိန်း​ဟာ ပြည်သူ​တွေကို မထိခိုက်ဘဲ အကျိုး​ရှိတဲ့​အ​ကြောင်း​ သက်​သေပြနိုင်ဖို့​အတွက် နိုင်ငံတကာ အကြီး​စား​ ​ရေကာတာစီမံကိန်း​ကော်မရှင်အဖွဲ့​ (ICOLD)ကို ချည်း​ကပ်ပြီး​ လွတ်လပ်တဲ့​ စုံစမ်း​စစ်​ဆေး​မှု​တွေ ​ဆောင်ရွက်​နေတယ်လို့​ ​ကေဒီအန်ဂျီအဖွဲ့​က ​ပြောပါတယ်။ ဒါ​ပေမယ့်​ ဒီစီမံကိန်း​အ​ကောင်အထည်​ဖော်ရဖို့​ တရုတ်က ဘယ်လိုနည်း​လမ်း​နဲ့​ ဆက်လက်​ဆောင်ရွက်​နေပါ​စေ ​ဒေသခံပြည်သူ​တွေအ​နေနဲ့​ လက်ခံနိုင်စရာ မရှိဘူး​လို့​ မဆိုင်း​မိုင်က ​ပြောပါတယ်။ “ပြီး​ခဲ့​တဲ့​ ​မေလ ၁၆ ရက်​နေ့​မှာ တရုတ်သတင်း​ဌာနတခုမှာ စီပီအိုင်က သတင်း​တခု ထုတ်ထား​တာ​တွေ့​ရတယ်။ နိုင်ငံတကာ အကြီး​စား​ ​ရေကာတာစီမံကိန်း​ကော်မရှင်အဖွဲ့​ (ICOLD) ကို လာပြီး​စုံစမ်း​ဖို့​ မြန်မာနိုင်ငံအစိုး​ရကလည်း​ ​တောင်း​ဆိုထား​တယ်​ပြောတယ်။” “မြစ်ဆုံ​ရေကာတာကြီး​ကို သူတို့​က ဘယ်လိုမှ လက်မခံဘူး​။ သူတို့​လည်း​ လက်​တွေ့​ ခံစား​နေရပြီ၊​ ခန့်​မှန်း​ခြေအ​နေနဲ့​က​တော့​ ​ထောင်ဂဏန်း​နီး​ပါး​တော့​ သူတို့​ လက်​တွေ့​ခံစား​နေရပြီ။ ​မြေယာသိမ်း​ဆည်း​ခံရတယ်။ ပြီး​လို့​ရှိရင် သူတို့​ အခုစီမံကိန်း​ဒေသမှာ အလုပ်မဲ့​နဲ့​ ​နေရတယ်။ စိုက်ပျိုး​ရမယ့်​ ​နေရာလည်း​ မရှိဘူး​။ အခက်အခဲ​တွေ ကြုံ​နေရတယ်​ပေါ့​နော်။ ​နောက် ​ရှေ့​ဆက်ပြီး​လည်း​ ဘယ်လိုလုပ်ငန်း​တွေ လုပ်စား​မယ် ဆိုတဲ့​ဟာ​တွေ သူတို့​အ​ပေါ်မှာ အများ​ကြီး​ အခက်ကြုံ​နေတဲ့​ဟာ​တွေ ရှိတယ်။” တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား​ ရင်း​နှီး​မြှုပ်နှံမှု ​ကော်ပို​ရေး​ရှင်း​ (စီပီအိုင်) ဟာ တရုတ်ပြည်ကို လျှပ်စစ်ဓာတ်အား​ တင်သွင်း​ဖို့​အတွက် ကချင်ပြည်နယ်ထဲက မြစ်ဆုံ​ဒေသမှာ ​ရေကာတာ ၇ ခုကို အဓိက ​ဆောင်ရွက်ဖို့​ ကြိုး​စား​နေတဲ့​ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီ​ရေကာတာ​တွေ​ကြောင့်​ ဖြစ်လာမယ့်​ စီး​ပွား​ရေး​၊​ လူမှု​ရေး​နဲ့​ သဘာဝ ပတ်ဝန်း​ကျင် ဆိုး​ကျိုး​များ​အ​ပေါ် မြန်မာလူထုအကြား​ စိုး​ရိမ်ပူပန်မှုများ​ ကျယ်ကျယ်ပြန့်​ပြန့်​ ဖြစ်​ပေါ်လာတဲ့​အတွက် သမ္မတဦး​သိန်း​စိန်က သူ့​အစိုး​ရ သက်တမ်း​အတွင်း​ ​ရေကာတာ ဆက်မ​ဆောက်ဘဲ ရပ်ဆိုင်း​ထား​ဖို့​ ပြီး​ခဲ့​တဲ့​ နှစ် စက်တင်ဘာလက ​ကြေညာခဲ့​တာပါ။

A d v e r t i s e m e n t With Us

More News
Up