Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကျေးရွာပေါင်း ၁၉ ရွာ လျှပ်စစ်မီးရတော့မည်
DVB
·
March 12, 2018
မကွေးတိုင်းဒေသကြီး ကံမမြို့နယ်ရေနံသာကျေးရွာမှာ ကျေးရွာပေါင်း ၁၉ ရွာ လျှပ်စစ်မီး ရရှိအောင်လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ မတ် ၁၁ ရက်နေ့ မနက်က လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားမှာ ကံမမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက  "ကျနော်တို့ Eleven လိုင်းနဲ့ ထရန်စဖော်မာကတော့ မကွေးတိုင်းဒေသကြီးရန်ပုံငွေ ကျပ်သိန်းပေါင်း ၂၃၀၀ ခန့်ကုန်ကျခံပြီး Point 4 လိုင်းကျေးရွာတွင်းကတော့ ကိုယ်ထူကိုယ်ထပါ။ မီးလိုင်းက ဥသျှစ်ပင်ခွဲရုံကနေ ကံမနဲ့ မင်းတုန်းကို သွယ်တော့ စီရွာမှာ ဓာတ်အားခွဲရုံ ဆောက်လိုက်တော့ NEP စီမံကိန်းနဲ့ ၂ မိုင်အတွင်းမီးပေးမယ် ဆိုပြီးတော့ စီမံကိန်းက ယာယီ ရပ်ဆိုင်းထားတော့ မျှော်လင့်လို့မရတော့တဲ့အတွက် တိုင်းဒေသကြီး ရန်ပုံငွေနဲ့ မီးပေးနိုင် မလားလို့ မေးမြန်းခဲ့တဲ့အတွက် ၈ မိုင်ကွာဝေးတဲ့ ရေနံသာကျေးရွာ လျှပ်စစ်မီးရရှိပြီး ကျေးရွာပေါင်း ၁၉ ရွာ လျှပ်စစ် မီးရရှိ တော့မှာဖြစ်တယ်”လို့ ပြောပါတယ်။ ရေနံသာကျေးရွာဟာ အိမ်ခြေပေါင်း ၄၇၈ အိမ်ရှိကာ လူဦးရေပေါင်း ၁၈၃၄ ဦးနေထိုင်ပြီး ရေနံသာသို့ မီးသွယ်တန်းရာ ၈ မိုင်ခန့်ကွာဝေးပြီး မီးလိုင်းသွယ်တန်းတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ကျေးရွာပေါင်း ၁၉ ရွာကို မီးရရှိဖို့အတွက်လည်း လွှတ်တော်မှာ နှစ်ကြိမ်ဆက်တိုက် တောင်းခံခဲ့ပြီး အဲဒီကျေးရွာများမီးလင်းဖို့ရာ ယခု မတ်လပိုင်းအကုန်မှာ အပြီးဆောင်ရွက်ဖို့အတွက် လွှတ်တော်မှာ ကတိကဝတ်ရရှိပြီး ဖြစ်တယ်”လို့ သူကဆိုပါတယ်။ ရေနံသာကျေးရွာ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးကျော်လင်းက "ကျနော်တို့ဒေသ မီးလင်းဖို့ အတွက် မျှော်လင့်ခဲ့တာကြာပါပြီ ခုလို လျှပ်စစ်မီးလင်းအောင်ဆောင်ရွက်ပေးတဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးများနဲ့ အစိုးရအဖွဲ့ကျေးဇူး အထူးတင်ပါတယ်”လို့ ဆိုပါတယ်။ ကံမမြို့နဲ့ ရေနံသာကျေးရွာသို့ မီးသွယ်တန်းတဲ့ ကျေးရွာ ၁၉ ရွာမှာ အိမ်ခြေပေါင်း ၂၇၃၉ အိမ်ခြေရှိပါတယ်။ လူဦးရေပေါင်း ၁၀၃၉၇ ဦးနေထိုင်ပြီး မတ်လအကုန်မှာ ကျေးရွာတွေ မီးလင်းတော့မှာဖြစ်တယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024