Live
Home
မြန်မာသတင်း
တရုတ်အလုပ်ရှင်များ အမျိုးသမီးအလုပ်သမားများကို ကာယိနြေ္ဒပျက်ပြားရန် ပြုမူစော်ကားဟုဆို
ဆုဆုသွယ်
·
March 11, 2018
  တရုတ်နိုင်ငံသားပိုင် စက်ရုံအများစုမှာ အလုပ်ရှင်တွေက အမျိုးသမီးအလုပ်သမားတွေ အပေါ် ကာယိနြေ္ဒပျက်ပြားအောင် ပြုမူစော်ကားတာတွေရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတာယ်။ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်တတ်လာစေဖို့အတွက် ရည်ရွယ်ပြီး မတ်လ (၁၁) ရက်နေ့က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ အောင်မြေသာယာဘုရားဝင်းမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ မဆွေဆွေခိုင်က “မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားသားပိုင် စက်ရုံတွေက လုပ်ငန်းရှင်တွေထဲက တချို့ဟာ မိမိတို့စက်ရုံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးအလုပ်သမားတွေအပေါ် ကာယိနြေ္ဒပျက်ပြားအောင် ကိုယ်ထိလက်ရောက်ပြုမူစော်ကားတာတွေ ရှိနေပါတယ်။ အဲဒီအထဲ မှာတော့ တရုတ်နိုင်ငံသားပိုင် စက်ရုံများမှ တရုတ်လုပ်ငန်းရှင်တွေက အခုလို ပြုမူစော်ကားတာတွေကို အများဆုံးပြုလုပ်တာဖြစ်တယ်”လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်းခွင်ဝင်နေကြတဲ့ အမျိုးသမီးတွေအနေနဲ့ အလုပ်ရှင်တွေရဲ့ဖိနှပ်ချုပ်ချယ်မှုတွေကိုခံနေရပြီး အမျိုးသမီးအခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကိုတော့ လုပ်ငန်းရှင် ကိုယ်စားလှယ် တွေ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ စက်ရုံပေါင်း (၄၀) ကျော်မှ အမျိုးသမီးဦးရေ ၁၅၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ အမျိုးသမီးအခမ်းအနားကို ကျင်းပလာတာဟာ ၄ ကြိမ်မြောက်ရှိပြီဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် အမျိုးသမီးပါဝင်မှုတွေ များလာသလို အမျိုးသားအလုပ်သမားတွေလည်း ပါဝင်လာကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024