Homeမြန်မာသတင်း
မှုခင်းကျဆင်းရေး ရဲတပ်ဖွဲ့သာမက ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် တာဝန်ရှိ
မှုခင်းကျဆင်းရေး ရဲတပ်ဖွဲ့သာမက ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် တာဝန်ရှိ
DVB
·
March 11, 2018
မှုခင်းကျဆင်းဖို့နဲ့ တရားဥပဒေစိုးမိုးဖို့ဆိုတာ ရဲတပ်ဖွဲ့တခုတည်းမှာ တာဝန်ရှိတာမဟုတ်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေမှာလည်း တာဝန်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒေါပုံမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးစံဝင်းက “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မှုခင်းကျဆင်းဖို့နဲ့ တရားဥပဒေစိုးမိုးဖို့အတွက်ဆိုရင် ရဲတပ်ဖွဲ့တခုတည်း လုပ်ဆောင်နေတာတွေနဲ့ မလုံလောက်ဘူးလို့ ထောက်ပြတာတွေရှိပါတယ်။ ဒါကြောင့် မှုခင်းကျဆင်းရေးတွေ လုပ်ဆောင်ရာမှာ ရဲတပ်ဖွဲ့တခုတည်း တာဝန်ရှိတာမဟုတ်ပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေမှာလည်း တာဝန်ရှိတယ်တယ်”လို့ ပြောပါတယ်။
ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်လှစံက “မှုခင်းကျဆင်းရေးအ တွက် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ပြည်သူအခြေပြု ရဲလုပ်ငန်းစဉ်တွေကြောင့် ရဲတပ်ဖွဲ့နဲ့ ပြည်သူကြားရင်းနှီးမှုရလာပြီး ပြည်သူတွေဘက်ကလည်း သတင်းပေးပူးပေါင်း ဆောင်ရွက်ရင် မိုမိုအောင်မြင်လာနိုင်တယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ မှုခင်းကျဆင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ရည်ရွယ်ပြီး ပြည်သူအခြေပြုရဲလုပ်ငန်းတွေအပြင် လင်းယုန်စီမံချက်နဲ့ပါ စီမံချက်တွေရေးဆွဲဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ပြည်သူအခြေပြုဆောင်ရွက်တာတွေကြောင့် မြို့နယ်အလိုက် ခိုးဆိုးလုယက်မဲ့ သူတွေ နည်းပါးလာပြီး ပြည်သူတွေကပါ သတင်းပေးတိုင်ကြားလာတာတွေကြောင့် မှုခင်းတွေ အမြန်ဆုံးဖော်ထုတ်လာနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကပြောပါတယ်။