လပွတ္တာတွင် လေပြင်းကြောင့် စာသင်ကျောင်းနှင့်နေအိမ်အချို့ ပျက်စီး
DVB
·
March 11, 2018
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ရှော်ချောင်း ကျေးရွာအုပ်စုမှာ ၂၀၁၈ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီကနေ ၅ နာရီခွဲထိ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ကျးရွာအုပ်စုအတွင်းရှိ ရေချိုကုန်းကျေးရွာ၊ ကွင်းသုံးဆင့်ကျေးရွာနဲ့ ချမ်းသာအေး (၁) ကျေးရွာတွေက စာသင်ကျောင်း ၂ ကျောင်း၊ လူနေအိမ် ၁၄ လုံး၊ ဆန်စက် ၁ လုံး၊ ကွမ်းခြံ ၁ ခြံ တို့ အမိုးလန်/ပြိုလဲပျက်စီးသွားတာကြောင့် ကျပ် ၄၅၈,၀၀၀ ဖိုးလောက် ပျက်ဆီးဆုံးရှုံးသွားပါတယ်။
လေပြင်းကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရကြောင်း ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။