ဆက်ကပ်/မျက်လှည့်ပညာရှင် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ကျင်းပ
သူဇာလင်း
·
March 11, 2018
မြန်မာနိုင်ငံ ဆက်ကပ်/မျက်လှည့်ပညာများ ထိန်းသိမ်းမြှင့်တင်ပြန့်ပွားရေးကော်မတီရဲ့ ပထမအကြိမ်မြောက် ဆက်ကပ်/မျက်လှည့်ပညာရှင် သက်ကြီးဘိုးဘွားတွေ ပူဇော်ကန်တော့ပွဲ ကို မတ်လ ၁၁ ရက်နေ့က ကျိုက္ကစံဘုရားဝန်းအတွင်းမှာ ကျင်းပခဲ့ပါတယ်။
အသက် ၆၀ ကျော် မျက်လှည့်နဲ့ ဆက်ကပ်ပညာရှင် သက်ကြီးဘိုးဘွား ၂၁ ယောက်ကို မျိုးဆက်သစ်ဆက်ကပ်နဲ့ မျက်လှည့်ပညာရှင် လူငယ်တွေက ငွေကျပ် ၂ သိန်းစီနဲ့ ကန်တော့ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဆက်ကပ်နဲ့ မျက်လှည့်ပညာရှင်တွေ နည်းပါးနေသေးတယ်လို့ မြန်မာနိုင်ငံ ဆက်ကပ်/မျက်လှည့်ပညာရပ်တွေ ထိန်းသိမ်းမြှင့်တင်ပြန့်ပွားရေးကော်မတီက ပြောပါတယ်။