နေရပ်စွန့်ခွာသူများအတွက် လှူဒါန်းမည့် မြေနေရာကို အိန္ဒိယတာဝန်ရှိသူ ကြည့်ရှု
DVB
·
March 11, 2018
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီးဟာ မောင်တောမြို့နယ် နေရပ်စွန့်ခွာ တိုင်းရင်းသားတွေအတွက် အိန္ဒိယအစိုးရက နေအိမ်တွေ ဆောက်လုပ်လှူဒါန်းမယ့် မြေနေရာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr. Bshyan၊ ပထမအတွင်းဝန် Dr. Muthukumarasamy B နဲ့ အဖွဲ့ဟာ မောင်တောမြို့နယ် ရွှေဇား၊ ကြိမ်ချောင်း နဲ့ နံ့သာတောင်ကျေးရွာတွေက မြေနေရာတွေကို သွားရောက်ကြည့်ရှုခဲ့တာလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဒုတိယသံအမတ်ကြီးနဲ့အဖွဲ့ဟာ တောင်ပြိုလက်ဝဲမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။