မြစ်ကြီးနားတွင် ဒေသထွက်ကုန်ပြပွဲနှင့် ပို့ကုန်မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ
DVB
·
March 11, 2018
မြစ်ကြီးနားမြို့မှာ ဒေသထွက်ကုန်ပြပွဲနဲ့ ပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲကို မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေ မြို့တော်ခန်းမမှာ ကျင်းပနေပါတယ်။
ဒေသထွက်ကုန်တွေနဲ့ သဘာဝအလှဆီ၊ ဝိုင်နှင့်ယိုစုံလုပ်ငန်း၊ ကိတ်မုန့်လုပ်ငန်း၊ ပယင်းကျောက်မျက်ရတနာနှင့် အချောထည်လုပ်ငန်း၊ ကြယ်ပဲ လုပ်ငန်းတိုင်းရင်းဆေး၊ ဒန်အိုးဒန်ခွက်လုပ်ငန်း၊ ယက္ကန်းလုပ်ငန်း၊ ထိုင်ဝမ်နိုင်ငံထုတ် စပါးအခြောက်ခံစက်၊ ယွန်းထည်နှင့်ချည်ထည်လုပ်ငန်း စတဲ့ ဆိုင်ခန်းပေါင်း ၂၀ ကျော်နဲ့ ခင်းကျင်းပြသ ရောင်းချနေပါတယ်။
အခမ်းအနားကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ဆိုင်ခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ကာ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ စုစုပေါင်း လူဦးရေ ၁၀၀ လောက် တက်ရောက်ခဲ့ပါတယ်။