ဆီနီဂေါနိုင်ငံသား လမ်းဘေးဈေးသည်ကို ပစ်သတ်ခဲ့မှု အီတလီတွင် လူထောင်ချီ ဆန္ဒပြ

Demonstrators wave flags during a march for the XV Day of Memory and Commitment in Remembrance of Victims of Organised Crime on March 20, 2010 in Milan. The event, organized on the first day of spring gather people from all aound the country and from other nations to shout their contempt against any type of organised crime and mafias. AFP PHOTO / DAMIEN MEYER / AFP PHOTO / DAMIEN MEYER
အီတလီ အမျိုးသားတယောက်က ဆီနီဂေါနိုင်ငံသား သားရေအိတ်ရောင်းတဲ့ လမ်းဘေး ဈေးသည်တယောက်ကို အသေပစ်သတ်ခဲ့တဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ အီတလီနိုင်ငံ ဖလောရင့်မြို့လယ်လမ်းတွေပေါ်မှာ မတ် ၁၀ ရက်နေ့က ထောင်နဲ့ချီတဲ့လူတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူတွေက “လူမျိုးရေးခွဲခြားမှု အားလုံး ရပ်တန့်ပါ၊ လေးစားချင်တယ်၊ ဒါပေမယ့် လေးစားခံ ချင်တယ်” စတဲ့ စာသားတွေကို ရေးထားတဲ့ လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင် ခဲ့ကြပါတယ်။ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ လွှတ်တော်အမတ် ရွေးကောက်ပွဲအတွင်း ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး အသင်းချုပ်က နိုင်ငံရေးသမားတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို ရာဇဝတ်သားတွေအဖြစ် မကြာခဏ ပုံဖော်ခဲ့ပြီး အစုလိုက် မူရင်းနိုင်ငံ ပြန်ပို့ဖို့ ဆော်သြခဲ့အပြီး နောက်နေ့မှာ ခုလိုပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ အဖမ်းခံခဲ့တဲ့ လူသတ်သမားဟာ စုံစမ်းစစ်ဆေးသူတွေဆီမှာ အစစ်ခံပြီးတဲ့အခါ သူဟာ လူမျိုးရေး မုန်းတီးလို့ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း မတ် ၅ ရက်နေ့မှာ ရဲတွေက ဆိုပါတယ်။ သူဟာ အားကစားအတွက် လက်နက် ကိုင်ဆောင်ခွင့် လိုင်စင်ရှိနေပြီး စိတ်ခံစားမှု ရှုပ်ထွေးနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်ချိန်မှာ စိတ်လွတ်သွားတာလို့ စုံစမ်း စစ်ဆေးသူတွေက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up