မိုးရွာသွန်းမှုကြောင့် သြစတြေးလျနိုင်ငံ မြေနိမ့်ပိုင်းပြည်နယ်အချို့ ရေအောက်နစ်မြုပ်

915
သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်မှာ မိုးအကြီးအကျယ်ရွာပြီး မြစ်တွေ ရေလျှံကာ ရေကြီးနေတဲ့အတွက် အိမ်ခြေ ၂၀၀ ကျော် ရေနစ်မြုပ်နေပါတယ်။
အဓိက လမ်းတွေလည်း ပြတ်တောက်ကုန်ပြီး ကွင်းစလန် ပြည်နယ်မြောက်ပိုင်းက အင်ဂမ်နဲ့ အင်နစ်ဖှေးလ်မြို့တွေမှာ ကျောင်းတွေကို ပိတ်ထားရပါတယ်။
မတ်လ ၁၀ ရက်နေ့က အစောပိုင်းမှာ ကွင်းစလန် အရေးပေါ်ဌာနဟာ အကူအညီတောင်းခံမှု အကြိမ် ၁၀၀ ကျော်ကို လက်ခံရရှိခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
ဟားဘာ့တ်မြစ်အတွက် အကြီးစား ရေလွှမ်းမိုးမှု သတိပေးချက် ထုတ်ပြန်ထားပေမယ့် အခြေအနေက သက်သာလာပြီလို့ မိုးလေဝသ ဗျူရိုက အတည်ပြုထားပါတယ်။