မှော်ဘီမြို့နယ် မချစ်စုအထည်ချုပ်စက်ရုံ မီးလောင်
DVB
·
March 11, 2018
မနေ့က ည ၉ နာရီခွဲကျော်က မှော်ဘီမြို့နယ်မှာ မချစ်စု အထည်ချုပ်စက်ရုံမီးလောင်ခဲ့ပါတယ်။
မီးသတ်ဌာနက Level 3 အထိ သတ်မှတ်ပြီး နီးစပ်ရာမြို့နယ် မီးသတ်စခန်းက ကားနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက် ငြှိမ်းသတ်ခဲ့ရပါတယ်။
ည ၁၀ နာရီ ၄၅ မိနစ်မှာတော့ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့သတင်းတွေက ဆိုပါတယ်။ ဆုံးရှုံးပျက်စီးသွားတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။