ခရီးသွားများကို ဆွဲဆောင်နေသည့် ဖိလစ်ပိုင်က သဘာဝထုံးအိုင်(ရုပ်သံ)

882
ဖိလစ်ပိုင်နိုင်ငံ ဆူရီဂါအိုဒယ်ဆာ ခရိုင်မှာရှိတဲ့ လာစဝစ်တန် ထုံးအိုင်မှာ မတူထူးခြားတဲ့ သဘာဝအဖြစ်အပျက်ကို တွေ့ကြုံခံစားကြဖို့ ဒါဇင်ပေါင်းများစွာ ကမ်းခြေလာသူတွေ စုရုံးနေကြပါတယ်။
ထုံးအိုင်က ကမ်းခြေနားမှာရှိတဲ့ ပေ ၂၀ အမြင့် ကျောက်ဆောင်ကြီးရဲ့ နောက်ကွယ်မှာ ရှိနေပြီး ဒီသဘာဝ ပထဝီအနေအထားက သဘာဝလက်ဆေးကန်ပုံစံမျိုး ဖြစ်နေတာပါ။
ရေလှိုင်းမြင့်တက်လာချိန် လှိုင်းလုံးအကြီးကြီးတွေအဖြစ် စီးဆင်းလာပြီး ကျောက်ဆောင်ရဲ့ အခြားဘက်မှာရှိတဲ့ သဘာဝလက်ဆေးကန်ပုံစံ ထုံးအိုင်ကြီးထဲ ရေတွေ ရောက်လာတာ တွေ့ရပါတယ်။
စီဂျီတီအန်သတင်းဌာနက မတ်လ ၁၀ ရက်နေ့ ရုပ်သံထဲမှာတော့ ကမ်းခြေလာသူတွေ အော်ဟစ် ပျော်ပါးနေတာ တွေ့ရပါတယ်။