A d v e r t i s e m e n t With Us

မန်ချက်စတာယူနိုက်တက် ၂-၁ လီဗာပူး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းတွေ့ဆုံတဲ့ ပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းက လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဒုတိယနေရာအတွက် နှစ်သင်းလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ရှင်မန်ယူအသင်းအတွက် ပထမဂိုးကိုတော့ ပွဲချိန် ၁၄ မိနစ်မှာ ဂိုးသမား ဒီဂီယာ ကန်တင်ပေးတဲ့ ဘောလုံးအား လူကာကူက ခေါင်းတိုက်ချာပေးတာခဲ့တာဖြစ်ပြီး မားကပ်ရပ်ရှ်ဖို့ဒ်က လီဗာပူးနောက်ခံလူတဦးကို လိမ်ခေါက်ပြီး လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကိုလည်း ပွဲချိန် ၂၄ မိနစ်မှာ လူကာကူ-ဆန်းချက်တွဲလုံးကတဆင့် လီဗာပူးနောက်ခံလူနဲ့ထိပြီး ထွက်လာတဲ့ဘောလုံးကို ရပ်ရှိဖို့ဒ်ကပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းအတွက် ချေပဂိုး ၁ ဂိုးကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ မန်ယူနောက်ခံလူ အဲရစ် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာ ဖြစ်ပါတယ်။ အသင်းကြီးနှစ်သင်းတွေ့တဲ့ပွဲမှာ လီဗာပူးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၈  ရာခိုင်နှန်းနဲ့ အိမ်ရှင်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း ဂိုးသွင်းခွင့်တွေ မရခဲ့တာပါ။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ ပွဲ ၃၀ စီကစားပြီး မန်ယူက ရမှတ် ၆၅ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး လီဗာပူးကတော့ ရမှတ် ၆၀ နဲ့ တတိယ နေရာမှာရှိနေပါတယ်။ စနေည ပရီးမီးယားလိဂ် တခြားပွဲစဉ်တွေမှာတော့ အဲဗာတန် ၂-၀ ဘရိုက်တန်၊ ဟတ်ဒါဖီးလ်ဒ် ၀ - ၀ ဆွမ်ဆီး၊ နယူးကာဆယ် ၃-၀ ဆောက်သမ်တန်၊ ဝက်စ်ဘရွန်း ၁-၄ လက်စတာ၊ ဝက်စ်ဟမ်း ၀-၃ ဘန်လေ စတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up