Home
မြန်မာသတင်း
ရွှေဂူကြီးအုတ်ကျောင်းအား ထိန်းသိမ်းစောင့်ရှောက်ပေးရန် ဒေသခံများ လိုအပ်
DVB
·
March 10, 2018
  မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မြင်တွင်းရွာက ရွှေဂူကြီးအုတ်ကျောင်းမှာ ရှေးဟောင်အမွေအနှစ် နံရံဆေးရေးပန်းချီတွေနဲ့ မှင်စာများ ပျောက်ပျက်သွားမှာ စိုးရိမ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ကိုမောင်မြင့်က “ကျနော်တို့ကတော့ ရှေးဟောင်းအမွေအနှစ်တွေ၊ ရှေးလက်ရာတွေ ဆိုတာလောက်တော့ သိတယ်။ နှစ်တွေကြာလာတော့ နံရံတွေပေါ်မှာ ရေးထားတဲ့ ပန်းချီတွေ၊ စာတွေ ပျက်ကုန်မှာ စိုးတယ်။ အခုတောင် အတော်လေး မှိန်နေပြီ။ သက်ဆိုင်ရာက ထိန်သိမ်းစောင့်ရှောက်ပေးရင် ထပ်မပျက်တော့ဘူးပေါ့” လို့ ပြောပါတယ်။ ‎ရွှေဂူကြီးအုတ်ကျောင်းက မလှိုင်မြို့နဲ့ ရှစ်မိုင်ဝေးတဲ့ မြင်တွင်းရွာ အရှေ့ဘက်မှာ ‎ရှိနေတာပါ။ အုတ်တွေနဲ့ တည်ဆောက်ထားပြီး အဝင်အထွက်ပေါက် တပေါက်တည်းပဲ ရှိပါတယ်။ ရှေးဟောင်းသုတေသန ဒုညွှန်ချုပ်(ငြိမ်း) မင်းဘူးဦးအောင်ကြိုင်က “ရွှေဂူကြီးအုတ် ကျောင်းက လွန်ခဲ့တဲ့အနှစ် ၃၀၀ ကျော် ၁၇ ရာစုလောက်ကပေါ့။ ညောင်ရမ်းခေတ် ပဋိကတ်တိုက်အုတ်ကျောင်းကြီးပါ။ ကျောက်စာတင်ထားတာ မတွေ့ရတော့ ဘယ်သူ ဆောက်တယ်မသိရဘူး။ မှင်စာတွေတော့ရှိတယ်။ ညောင်ရမ်းခေတ် နံရံဆေးရေးပန်းချီထဲက လူပုံတွေက ပါးတဖက်ဖောင်းနေတယ်။ ပုဂံက တောင်ပဋိကတ်တိုက်ကျောင်းနဲ့ မင်းကွန်းက တောင်ဖီလာဆရာတော် ကျောင်း အဲကျောင်းတွေနဲ့ ပုံစံတူနေတယ်။ ကုသိုလ်လုပ်တဲ့ အနေမထားပေါ်မူတည်ပြီး ဘုံ ၅ ဆင့် ဘုံ ၇ ဆင့်မှာ နတ်ဘဝနဲ့ နေနိုင်တယ်။ သူများအသက်ကို သတ်ရင် ငရဲခံရမယ်ဆိုတဲ့ ပန်းချီတွေပေါ့။ဓ ရွှေဂူကြီးအုတ်ကျောင်းမှာ အခန်း ၆ ခန်း လေဝင်ပေါက် ၁၀ ပေါက် ရှိပါတယ်။ အုတ်ကျောင်းကြီးရဲ့ အတွင်းဘက်နံရံ အထက်ပိုင်းတွင် ဘုရာခြေတော်ရာနှင့် နတ်ဘုံနတ်နန်းတွေ၊ နံရံဆေးရေးပန်းချီ ရေးဆွဲထားပြီး အောက်ဘက်ပိုင်းမှာ ငရဲခန်း ငရဲဘုံများအကြောင်း ရေးဆွဲထားပါတယ်။ ရှေးဟောင်းဆင်းတုတော်များ ပျောက်ပျက်မှာ စိုးရိမ်လို့ ပြောင်းရွှေ့ပူဇော်ထားတယ်လို့ ဆိုပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024