A d v e r t i s e m e n t With Us

မီးလောင်ရဟတ်ယာဉ်အတွင်းမှ ဆယ်ကျော်သက်တဦးကို ကယ်တင် (ရုပ်သံ)

3. A teenager was pulled from the burning wreckage. FocusOn News.jpg
ဘရာဇီးနိုင်ငံမှာ ပြန်ပေးဆွဲခံရတယ်လို့ သံသယရှိတဲ့ ဟယ်လီကော်ပတာ ပျက်ကျကာ မီးလောင်နေတဲ့ ဟယ်လီကော်ပတာထဲက ဆယ်ကျော်သက်တဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးနိုင်ငံ တောင်ပိုင်း ဂျွိုင်းဗစ်လာ (Joinville) မြို့မှာ မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီလောက်က ဟယ်လီကော်ပတာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံထဲမှာ ရဟတ်ယာဉ်က အိမ် ၂ အိမ်ရှေ့က နံရံပေါ် ပျက်ကျသွားပြီး မီးတောက်တွေ ထွက်လာခဲ့တာကို မြင်ရပါတယ်။ မီးလောင်နေတဲ့ ရဟတ်ယာဉ်ထဲကနေ အသက် ၁၈ နှစ်အရွယ် ဒန်နီယယ်ဒါဆေးဗားကို ဒေသခံတချို့က ရဲရဲရင့်ရင့် ကယ်တင်နိုင်ခဲ့တာပါ။ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လေယာဉ်မှူး၊ ပူးတွဲလေယာဉ်မှူးနဲ့ ခရီးသည်တဦး သေဆုံးတယ်လို့ သတင်းတွေအရ သိရပါတယ်။ ခရီးသွားတွေ ရှုခင်းကြည့်ဖို့ အသုံးပြုလေ့ရှိတဲ့ ရဟတ်ယာဉ်ကို ဆေးဗားနဲ့ သူ့အဖော်က ကြိုတင်ငှားရမ်းခဲ့ပြီး ဟယ်လီကော်ပတာ ပန်းဟာအရပ်ကနေ ထွက်ခွာပြီးတဲ့နောက် ပြန်ပေးဆွဲခဲ့တာလို့ ယူဆနေကြပါတယ်။ ဟယ်လီကော်ပတာထဲက သေနတ်ပစ်ခတ်သံတွေ ကြားရတယ်လို့ သက်သေတွေက ပြောလိုက်ပြီး ပစ္စတိုသေနတ်တလက်နဲ့ သေနတ်အသေးစား တလက်ကို ဟယ်လီကော်ပတာအတွင်းထဲက ရဲတွေ ရှာတွေ့ခဲ့ပါတယ်။ ထောက်လှမ်းရေး တန်နီရာဟာရာဒါက “ပန်းဟာအရပ်က ဟယ်လီကော်ပတာ ထွက်ခွာပြီးတော့ လေယာဉ်မှူးက လေယာဉ်ပြန်ပေးဆွဲခံရတယ်လို့ ဌာနချုပ်ကို သတင်းပို့သေးတယ်။ ဒါပေမယ့် ဒီရာဇဝတ်မှု နောက်ကွယ်မှာ ဘာကြောင့်ပြန်ပေးဆွဲခဲ့တာလဲဆိုတာကို စုံစမ်းနေဆဲပဲ” လို့ ဒေသခံသတင်းဌာနတွေကို ပြောပါတယ်။ ဆေးဗားရဲ့ ခန္ဓာကိုယ် ၁၅ ရာခိုင်နှုန်းကို မီးလောင်ကျွမ်းပြီး ဆေးရုံတက်ကုသနေရတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up