ဆီးရီးယား စစ်မျက်နှာပြင်သို့ အရေးပေါ် ထောက်ပံ့ရေးယာဉ်ဖြတ်သန်း

904
ဆီးရီးယားနိုင်ငံ အရှေ့ဂူတာဒေသ ရှေ့တန်းစစ်မျက်နှာပြင်ကို မတ်လ ၉ ရက်နေ့က အရေးပေါ်ထောက်ပံ့ရေး ယာဉ်တန်း ဖြတ်သန်းခဲ့တယ်လို့ ကြက်ခြေနီအရာရှိတဦးက ပြောပါတယ်။
ဆီးရီးယားအစိုးရတပ်တွေက လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ထားတဲ့အကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ(ICRC)က ရှေ့တန်းစစ်မျက်နှာကို ဖြတ်သန်းပြီး အရှေ့ဂူတာဒေသရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဒူမာမြို့ကို သွားနေတယ်လို့ ပြောပါတယ်။
ကုန်တင်ကား ၁၃ စီးပါယာဉ်တန်းမှာ လူ ၁၂၀၀၀ အတွက် ရိက္ခာထုပ်တွေ တင်ဆောင်လာပါတယ်။
မတ်လ ၅ ရက်နေ့က ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ရိက္ခာထုပ်တွေကို မဝေနိုင်ခဲ့ဘူးလို့ ICRC က ပြောပါတယ်။
နောက်ထပ် ဆေးပစ္စည်းတွေ အပါအ၀င် ပိုများတဲ့ ထောက်ပံ့မှုတွေကို လာမယ့် သီတင်းပတ်မှာ ပို့နိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ICRC ကပြောကြားခဲ့ပါတယ်။