သုံးဖက်မြင် 3D နည်းပညာသုံး အလုပ်အကိုင်ပြပွဲ ကျင်းပ
DVB
·
March 10, 2018
မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ သုံးဖက်မြင် 3D နည်းပညာသုံး အလုပ်အကိုင်ပြပွဲကို Job Net .com က ဦးစီးပြီး မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
အလုပ်အကိုင်ရှာဖွေသူတွေအနေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီ ရုံးခန်းလုပ်ငန်းခွင်ကို တိုက်ရိုက်မြင်တွေ့ပြီး အလုပ်လျောက်နိုင်တာဖြစ်သလို တိုက်ရိုက်အင်တာဗျူးတဲ့ အစီစဉ်တွေလည်း ပါဝင်ပါတယ်။
ဒီအလုပ်ကိုင်ပြပွဲမှာ မြန်မာပြည်ရဲ့ ထိပ်တန်း ကုမ္ပဏီတွေအပါဝင် အလုပ်အကိုင်ပေါင်း ၄၀ ကျော် ပါဝင်ပြီးတော့ စိတ်ပါဝင်စား လာရောက်လျောက်ထားသူတွေ များပြားခဲ့ပါတယ်။