နိုင်ငံတကာ လိင်ပြောင်းအလှမယ်ပြိုင်ပွဲတွင် ဗီယက်နမ်မယ် သရဖူဆောင်း (ရုပ်သံ)

ကမ္ဘာ့အကြီးဆုံးနဲ့ လူကြိုက်အများဆုံး လိင်ပြောင်းအလှမယ် ပြိုင်ပွဲကို ထိုင်းနိုင်ငံ ကမ်းခြေမြို့ ပတ္တရားမှာ မတ်လ ၉ ရက်နေ့က ကျင်းပပါတယ်။ ၂၀၁၈ ခုနှစ်အတွက် နိုင်ငံတကာ လိင်ပြောင်း အလှမယ်ပြိုင်ပွဲမှာ ဗီယက်နမ် အလှမယ် ဝင့်ဟွန်းဇန်း က သရဖူဆောင်းနိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ် အရွယ်  ဗီယက်နမ် လိင်ပြောင်းအလှမယ်ဟာ ၂၇ နိုင်ငံက အလှမယ်တွေကို ကျော်ဖြတ်ပြီး  ၂၀၁၈ ခုနှစ်အတွက် အလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ ပြိုင်ပွဲဝင်တွေအားလုံးဟာ စင်မြင့်ထက်မှာ အလှမယ်သရဖူအတွက် ယှဉ်ပြိုင်ခဲ့ကြပေမယ့် လိင်ပြောင်းနဲ့ လိင်တူစုံတွဲများရဲ့ တန်းတူညီမျှ အခွင့်အရေးအတွက် ညီညီညွတ်ညွတ် တောင်း ဆိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ပတ္တရာကမ်းခြေမြို့မှာ နိုင်ငံတကာက လိင်ပြောင်းသူတွေပါ ပါဝင်ယှဉ်ပြိုင်တဲ့ အလှမယ်ပြိုင်ပွဲကို ကျင်းပလာခဲ့တာ အခုဆိုရင် ၁၃ ကြိမ်မြောက် ရှိပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up