Homeမြန်မာသတင်း
မြင်းခြံဒီဂရီကောလိပ် ကျောင်းတွင်းသင်္ကြန်ပွဲ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းခဲ့ရ
မြင်းခြံဒီဂရီကောလိပ် ကျောင်းတွင်းသင်္ကြန်ပွဲ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းခဲ့ရ
DVB
·
March 10, 2018
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ဒီဂရီကောလိပ်ကျောင်းက ကျောင်းသား/သူ တွေ စုပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ ကျောင်းတွင်း သင်္ကြန်ပွဲတော် ခိုက်ရန်ဖြစ်ပွားခဲ့လို့ ရပ်ဆိုင်းခဲ့ရပါတယ်။
ဒီဂရီကောလိပ် ကျောင်းတွင်းသင်္ကြန်ပွဲကို ကျောင်းသား/သူတွေက ဒီနေ့ စုပေါင်းကျင်းပခဲ့ကြတာဖြစ်ပြီး မြန်မာ့ရိုရာ အစားစာတွေ ကျွေးမွေးမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
သင်္ကြန်ပွဲ စတင်ချိန် နာရီဝက်အတွင်းမှာ ကခုန်နေကြပြီး၊ ကျောင်းသားအချင်းချင်း စကားများရာကနေ ခိုက်ရန်ဖြစ်ပွားမှု ၂ ကြိမ် ဖြစ်ခဲ့တာကြောင့် ပွဲစီစဉ်သူ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုစည်သူမြတ်က တရားဝင် သင်္ကြန်ပွဲရပ်ဆိုင်းကြောင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
အခု ကျင်းပတဲ့ ကျောင်းတွင်းသင်္ကြန်ပွဲကို ကျောင်းသား/သူတွေက အချင်းချင်း လုံခြုံရေးကို တာဝန်ယူကြပြီး ကျောင်းသားဦးရေ ၃၀၀၀ ကျော် ပါဝင်ဆင်နွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။
သတင်း-ရီရီထွန်း