Live
Home
မြန်မာသတင်း
ကျပ်သိန်း ၃ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ မောင်တော်တွင် ဖမ်းမိ
DVB
·
March 10, 2018
မောင်တောမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃၂ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ တပ်မတော်က မတ် ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင်ကျေးရွာနေ ဆွေဒူလာမိန်(ဘ) အဘူကာဆိန်းရဲ့ နေအိမ်ကို သတင်းအရ မတ် ၇ ရက် ညနေ ၅ နာရီခွဲလောက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရှာဖွေရာ ဆွေဒူလာမိန်အား မတွေ့ရှိရဘဲ အဆိုပါနေအိမ်နဲ့ တစ်အိမ်ကျော်မှ လူနေထိုင်ခြင်း မရှိတဲ့ ဒေါ်ဇူရာဘီ(ဘ) မာမက်တာလောင်ရဲ့ နေအိမ်အတွင်းမှ သိန်းပေါင်း ၂၆၃၂၅ တန်ဖိုးရှိ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၃၁၆၂၅ဝ ပြားကို ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့ပါတယ်။ အလားတူ မတ် ၇ ရက် ည ၆ နာရီခွဲလောက်ကလည်း ပွင့်ဖြူချောင်း ကျေးရွာဘက်မှ ဦးရှည်ကျကျေးရွာဘက် လမ်းလျှောက်လာတဲ့ မသင်္ကာဖွယ် ဘင်္ဂါလီ နှစ်ဦးအား တွေ့ရှိလို့ စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် အဆိုပါနှစ်ဦးက ကျောပိုးအိတ်နှစ်လုံးအား ပစ်ချထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ကျောပိုးအိတ်တွေအတွင်းမှ ကျပ်သိန်း ၅၇၀၀ တန်ဖိုးရှိ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၈၅ဝဝဝ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေဆီ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024