A d v e r t i s e m e n t With Us

ဘိလိယက်ကစားသမားများ ရွှေဆုရရှိပါက အပိုဆောင်း ငွေကျပ် သိန်း ၁၀၀ ဆုချမည်

လာမယ့် အာရှပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိတဲ့ မြန်မာကစားသမားတွေကို ပြိုင်ပွဲ ဆုကြေးအပြင် အပိုဆောင်း ငွေကျပ် သိန်း ၁၀၀ ဆုချသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ မင်းနိုင်က ပြောကြားလိုက်ပါတယ်။ အပိုဆောင်းဆုကြေးအဖြစ် ပထမဆု သိန်း ၁၀၀၊ ဒုတိယဆု သိန်း ၂၀ နဲ့ တတိယဆု ၁၀ သိန်းတို့ ထပ်မံ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ မတ်လ ၁၈ ရက်နေ့ကနေ မတ်လ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Rose Garden Hotel မှာ လက်ခံကျင်းပမယ့် ၁၇ ကြိမ်မြောက် အာရှဘိလိယက်၊ ၁၉ ကြိမ်မြောက် ယူ၂၁ စနူကာပြိုင်ပွဲ၊ ဒုတိယအကြိမ်မြောက် အမျိုးသမီးစနူကာပြိုင်ပွဲကို ကမ္ဘာ့ချန်ပီယံယံ နဲ့ အာရှချန်ပီယံတွေ လာရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာကစားသမားတွေအနေနဲ့လည်း ဘိလိယက်နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံဟောင်း အောင်ဆန်းဦး၊ ကမ္ဘာ့တတိယဆုရှင် နေသွေးဦး၊ ဆီးဂိမ်းရွှေတံဆိပ်ရှင် အောင်ဌေး၊ ဆီးဂိမ်းငွေတံဆိပ်ရှင် ချစ်ကိုကို၊ မင်းစည်သူထွန်း နဲ့ အခြားကစားသမား ၃ ဦးအပါအဝင် ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ စနူကာ အားကစားနည်းမှာတော့ အတွေ့အကြုံရှိပြီး ဆီးဂိမ်းကြေးတံဆိပ်ဆုရှင် အောင်ဖြိုးနဲ့အတူ မျိုးဆက်စ်ကစားသမား ၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ အမျိုးသမီးစနူကာကိုတော့ 9 ball အမျိုးသမီးကစားသမား ၃ ဦးနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံက ကစားသမား ၇၀ နီးပါး ယှဉ်ပြိုင်ဖို့ရှိနေသလို ထိုင်းက နာမည်ကြီး ဘိလိယက် ကစားသမား ပရပွတ်၊ ဆီးဂိမ်း ၅ ကြိမ်ဆက် ရွှေတံဆိပ်ဆုရှင် ပီတာဂေးခရစ်၊ ကမ္ဘာ့ချန်ပီယံ ၁၈ ကြိမ်ရရှိထားတဲ့ အိန္ဒိယ ကစာသမား အက်ဒ်ဗန်နီတို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ စနူကာကစားနည်းမှာတော့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ကစားသမားကောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ထက်လူ

A d v e r t i s e m e n t With Us

More News
Up