ၾသစေၾတးလ် အျမင့္ဆံုးအေဆာက္အဦေပၚမွ အမ်ဳိးသမီးတဦး စိတ်ဖောက်ပြန်ပြီး ပြုတ်ကျသေဆုံး

1.3K
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရဲ့ အမြင့်ဆုံးအဆောက်အဦဖြစ်တဲ့ Sydney Tower Eye ဆစ်ဒနီတာဝါအိုင်း ပေါ်ကနေ အမျိုးသမီးတဦး ပြုတ်ကျသေဆုံးမှု မတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
ပြုတ်ကျတဲ့ အမျိုးသမီးဟာ မြို့ရှုခင်းကို ကြည့်နိုင်တဲ့ ကောင်းကင်လမ်းလျှောက်(Sky Walk) လေ့လာရေးအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။
အကာအရံမရှိတဲ့ အဆောက်အဦအပေါ်မှာ စိတ်ဖောက်လာတဲ့ အဲဒီအမျိုးသမီးက ကိုယ်ကိုယ့်ကိုယ်ထိခိုက်စေမယ့် ခြိမ်းခြောက်မှုပြုလုပ်ပြီး လုံခြုံရေးခါးပတ်ကို ဖြုတ်ခဲ့တာလို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
လုံခြုံရေးခါးပတ်ကို အမျိုးသမီး ဘယ်လိုချွတ်နိုင်ခဲ့တယ်ဆိုတာကို ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။
“သိပ်ကို သွေးပျက်စရာ အခြေအနေ တခုပါ။ ဒါကို ရဲနဲ့ အရေးပေါ်ဌာနအပါအ၀င် မျက်မြင်တွေ့ရှိသူ အများကြီးရှိခဲ့မယ်လို့ ထင်ပါတယ်” လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
အခင်းဖြစ်ပွားရာမှာရှိနေသူတဦးကလည်း “မိနစ် ၂၀ လောက် အကြာမှာ မတော်တဆမှုတခုကြောင့် ကျနော် လှည့်ပြန်ရမယ်လို့ ကြေညာချက်ထွက်လာပါတယ်။ သူတို့က ဒီအတွက် တောင်းပန်ပြီး ပေးထားတဲ့ ငွေလည်း ပြန်အမ်းခဲ့ပါတယ်” လို့ ပြောပြပါတယ်။
အခင်းဖြစ်ပြီးနောက်မှာတော့ ဆစ်ဒနီတမြို့လုံးရဲ့ ရှုခင်းကို မြင်တွေ့ခံစားနိုင်တဲ့ ဆစ်ဒနီတာဝါအိုင်းကို ပိတ်ထားကြောင်းနဲ့ ပြန်ဖွင့်မယ့်အချိန်ကို ကြေညာပေးသွားမယ့်အကြောင်း ကုမ္ပဏီပိုင်ရှင်ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။