A d v e r t i s e m e n t With Us

အဲလ်ဗက်စ်၏ ညစ်ပတ်သည့် အပြုမူကြောင့် ရော်နယ်ဒို ကန်ခဲ့ခြင်းဖြစ်ဟုဆို (ရုပ်သံ)

ပြီးခဲ့တဲ့ ချန်​ပီယံလိဂ်​ရှုံးထွက်​ပွဲစဉ်​မှာ ​ရော်​နယ်​ဒိုအ​နေနဲ့ ပီအက်​စ်​ဂျီ​နောက်​ခံလူ အဲလ်​ဗက်​စ်​ကို ​နောက်​က​နေ ကန်​ခဲ့တာဟာ အဲလ်​ဗက်​စ်​ရဲ့ ညစ်​ပတ်​တဲ့ အပြုအမူ​ကြောင့် ဖြစ်​တယ်​လို့ သတင်း​တွေက​ ဖော်​ပြကြပါတယ်​။ ရုပ်​သံအ​နှေးပြကွက်​​တွေအရ အဲလ်​ဗက်​စ်​ဟာ ​ရော်​နယ်​ဒိုရဲ့အင်္ကျီကို နှပ်​​ချေးနဲ့ သုတ်​ခဲ့တာ ဖြစ်​ပါတယ်​။ ဒါ့​ကြောင့် ​ရော်​နယ်​ဒိုအ​နေနဲ့ ​​ဒေါသကို မထိန်းချုပ်​နိုင်​ဘဲ ​နောက်​က​နေ ကန်​ခဲ့တာပါ။ ​ရော်​နယ်​ဒိုနဲ့ အဲလ်​ဗက်​စ်​တို့ဟာ အရင်​ကလည်း မကြာခဏ အချင်းများတတ်​ကြသူ​တွေဖြစ်​ပြီး​ အဲလ်​ဗက်​စ် ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်​ကလည်း ကွင်းအတွင်း အ​ချေအတင်​ စကားများ​တာ​တွေ ကြုံ​တွေ့ခဲ့ဖူးပါတယ်​။ ဒါ​ပေမယ့် အဲလ်​ဗက်​စ်​က​ ရော်​နယ်​ဒိုကို ​လေးစားမှုရှိ​ကြောင်း၊ လူတိုင်းက သူ့ကို အံ့အားသင့်ဖွယ်​​ကောင်း​အောင် ​တော်​တဲ့ ပ​ရော်​ဖက်​ရှင်​နယ်​တယောက်​ဖြစ်​တယ်​လို့ ပြောကြ​ပေမယ့် သူ့ရဲ့ပြိုင်ဘက် ဖြစ်တာကြောင့် ယှဉ်​ပြိုင်​ရမှာပဲလို့​ ပြောပါတယ်​။ ရီးရဲလ်မက်​ဒရစ်​အသင်းဟာ ပီအက်​စ်​ဂျီအသင်းကို နှစ်​​ကျော့​ပေါင်း ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်​ရရှိခဲ့​တာ​ကြောင့် ချန်ပီယံလိဂ် ​နောက်​တ​ဆင့် တက်​​ရောက်​သွားခဲ့​ပေမယ့် ချန်​ပီယံလိဂ်​မှာ​ အောင်​မြင်​ဖို့ ​မျှော်​လင့်ချက်​အပြည့်နဲ့ ​ငွေ​ကြေးအ​မြောက်​အမြား သုံးစွဲထားတဲ့ ပီအက်​စ်​ဂျီအသင်းက​တော့ ရှုံးထွက်​အဆင့်နဲ့ပဲ​ ကျေနပ်​ခဲ့ရပါတယ်​။

A d v e r t i s e m e n t With Us

More News
Up