A d v e r t i s e m e n t With Us

အာဏာရှိသူများကို ဦးညွှတ်မည်မဟုတ်ဟု ဖိလစ်ပိုင် ထိပ်တန်းတရားသူကြီးပြော

ဓာတ်ပုံ - AP Photo/Bullit Marquez
ဖိလစ်ပိုင် အောက်လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ ထိပ်တန်း တရားသူကြီးက အာဏာရှိသူတွေရဲ့ နှောင့်ယှက်မှုနဲ့ ဖိအားကို ဦးညွတ်မှာမဟုတ်ဘူးလို့ မတ်လ ၈ ရက်နေ့က ကတိပြုလိုက်ပါတယ်။ ဖိလစ်ပိုင်တရားရုံးချုပ် အဖွဲ့ဝင် ၁၅ ယောက်ရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင် တရားသူကြီး မာရီယာ လော်ဒဲ့စ် ဆေရေနိုဟာ သူ ရာထူးခန့်အပ်မခံရခင်က ပိုင်ခဲ့တဲ့ အမွေတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ အသားတင်ကြွယ်ဝမှုတွေကို စာရင်းမတင်ခဲ့မှုကြောင့် သူ့ချမ်းသာကြွယ်ဝမှုတွေကို ဖုံးကွယ်ထားတယ်လို့ စွပ်စွဲခံနေရတာပါ။ တရားသူကြီးချုပ်ဟာ သမ္မတ ရိုဒရီဂို ဒူတာတေးကိုလည်း လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးမှုအပေါ် စိုးရိမ်ကြောင်း ပြောပြီး ဒေါသထွက်အောင် လုပ်ခဲ့သူပါ။ သူ့ချမ်းသာမှုနဲ့ပတ်သက်တဲ့ ကြားနာမှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ တာဝန်ထမ်းဆောင်နိုင်ရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စတဲ့ စွဲချက်တွေဟာ အခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ သက်သေအတွက် လုံလောက်မှုမရှိဘူးလို့ သူက အမျိုးသမီး တရားသူကြီးတွေကို ပြောတဲ့ မိန့်ခွန်းအတွင်း ပြောပါတယ်။ အောက်လွှတ်တော်အတွင်း သူရခဲ့တဲ့ ဆက်ဆံရေးဟာ သမ္မတရဲ့ မဟာမိတ်တွေက လွှမ်းမိုးနေလို့ မတရားဘူးလို့လည်း သူက ပြောပါတယ်။ အထက်လွှတ်တော်မှာ စွဲချက်မတင်ခင် နောက်ဆုံးမဲပေးဖို့ စွပ်စွဲပြစ်တင်မှုဆိုင်ရာ အသေးစိတ် အစီရင်ခံစာကို တရားဥပဒေ ကော်မတီက မတ်လ ၂၁ ရက်နေ့မှာ တင်ပြဖို့ သတ်မှတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up