A d v e r t i s e m e n t With Us

သြစတြေးလျတွင် မိုးကြိုးပစ်ခံရမှုကြောင့် နွားများသေဆုံး

သြစတြေးလျ လယ်သမားတဦး သူ့နွား ၆ ကောင် အတန်းလိုက် သေဆုံးနေတာ တွေ့ခဲ့ရပြီး ကျွမ်းကျင်သူတွေက မိုးကြိုးပစ်ခံရလို့ နွားတွေ တပြိုင်နက်တည်း သေဆုံးခဲ့တာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့အပတ် ကွင်းစလန်ပြည်နယ် ပက်ဒေါ့မြို့မှာ မုန်တိုင်းအကြီးအကျယ်တိုက်လို့ ရက်အနည်းငယ်ကြာပြီးတဲ့နောက် ဝါယာသံဆူးကြိုးတွေနားမှာ နွားသေတွေကို တွေ့ခဲ့တာလို့ ဆိုပါတယ်။ ရှာတွေ့ချိန်မှာ တော်တော်လန့်သွားတယ်လို့ နွားပိုင်ရှင် ဒဲရက်ရှာလေက ပြောပြီး ဆစ်ဒနီတက္ကသိုလ်က မွေးမြူရေးကျွမ်းကျင်သူ ဒေါက်တာဆာဘရီနာလိုမက်စ်ကတော့ နွား ၆ ကောင် သံဆူးကြိုးတွေကို ထိမိချိန် သေဆုံးသွားတာလို့ ယူဆနေပါတယ်။ “အကြီးအကျယ် နှလုံးထိခိုက်ပြီး နွားတွေ ချက်ချင်းသေသွားတယ်လို့” ဒေါက်တာဆာဘရီနာက ပြောပါတယ်။ နွားပိုင်ရှင် မစ္စတာရှာလေက သူ့နွားတွေ အဆိပ်မိလို့ သေဆုံးတယ်လို့ ဦးဆုံးထင်ခဲ့ပြီး သိပ္ပံပညာပိုင်း ဆန်းစစ်လေ့လာသူ ဒေါက်တာကားလ်ခရူဇယ်နစ်ကီက မိုးကြိုးမြေကြီးပေါ်ကို ပစ်ချိန် နွားတွေက ထိတ်လန့်သွားတာဖြစ်မယ်လို့ ပြောပါတယ်။ “လျှစ်စီးကြောင်းက နွားတွေရဲ့ အနောက်ခြေထောက်တွေကို ထိမိပြီး ခန္ဓာထဲ လျှစ်စီးဝင်သွားတယ်၊ ပြီးတော့ နှလုံးထိခိုက်သွားတယ်” လို့ ဒေါက်တာကားလ်က သြစတြေးလျသတင်းဌာန ဘရုတ်ကက်စတင်းကော်ပိုရေးရှင်း (Australia Broadcasting Cooperation) ကို ပြောပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း နော်ဝေးနိုင်ငံမှာ သမင်အကောင် ၃၀၀ မိုးကြိုးပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ ဘီဘီစီသတင်းမှာ မတ်လ ၈ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up