A d v e r t i s e m e n t With Us

ထရမ့်နှင့် ကင်ဂျုံအန်းတို့ လာမည့်မေလ တွေ့ဆုံမည်

FILE - This combination of photos show North Korean leader Kim Jong Un on April 15, 2017, in Pyongyang, North Korea, left, and U.S. President Donald Trump in Washington on April 29, 2017. Threatening language between the U.S. and North Korea is flaring. After Trump vowed to respond with “fire and fury” if Pyongyang continued to threaten the U.S., the North’s military said it is finalizing a plan to fire four midrange missiles to hit waters near the strategic U.S. territory of Guam. (AP Photo/Wong Maye-E, Pablo Martinez Monsivais, Files)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်းတို့ လာမယ့် မေလထဲမှာ တွေ့ဆုံမယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားလိုက်ပါတယ်။ အမေရိကန် အိမ်ဖြူတော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြံပေး ချောင်ရွိုင်ယုံက ပြောကြားလိုက်တာပါ။ ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဆုံခဲ့ပြီးနောက် အခုလို ရလဒ်ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။  တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ညနေပိုင်းကတော့ သမ္မတထရမ့်နဲ့ တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီးယား ဖျက်သိမ်းရေးကို ကတိပြုခဲ့တဲ့အကြောင်း သမ္မတထရမ့်ကို ပြောခဲ့တယ်လို့ ချောင်ရွိုင်ယုံက ဆိုပါတယ်။ “နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုကို ဆက်လက် မလုပ်ဆောင်တော့ဘူးလို့ ကင်က ကတိပြုခဲ့ပါတယ်။  သူက တောင်ကိုရီးယားနဲ့ အမေရိကန်နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တာ နားလည်ပါတယ်။ ထရမ့်နဲ့ အမြန်ဆုံးတွေ့ဆုံဖို့ ဆန္ဒရှိတဲ့အကြောင်းလည်း သူကပြောပါတယ်။ အခုလိုကြားရတဲ့အတွက် ၀မ်းမြောက်ကြောင်းနဲ့ နျူကလီးယားဖျက်သိမ်းရေး အထမြောက်ဖို့အတွက် မေလမှာ ကင်ဂျုံအန်းနဲ့ တွေ့ဆုံမယ်လို့ ထရမ့်က ပြန်ပြောပါတယ်။” တောင်ကိုရီးယားအနေနဲ့ ကိုရီးယားကျွန်းဆွယ် အရေးကို အမေရိကန်၊ ဂျပန်၊ နိုင်ငံတကာ မဟာမိတ်တွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ချောင်ရွိုင်ယုံက ပြောပါတယ်။ “သမ္မတ ထရမ့်နဲ့အတူတကွ ကျနော်တို့ဟာ ငြိမ်းချမ်းရေးအတွက် သံတမန်နည်းအရ ရှေ့ဆက်ဆောင်ရွက်မှုကို အကောင်းဘက်က ရှုမြင်ပါတယ်။ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေအနေနဲ့ အတိတ်ကလို အမှားမျိုး ထပ်မဖြစ်အောင်ဂရုပြုသွားမှာပါ။ ဆက်လက်ပြီးလည်း မြောက်ကိုရီးယားအနေနဲ့ ကတိစကားအတိုင်း လက်တွေ့လိုက်နာဆောက်ရွက်လာတဲ့အထိ ဖိအားပေးသွားမယ်။”

A d v e r t i s e m e n t With Us

More News
Up