Ghostland သရဲကားရိုက်ရင်း ဒဏ်ရာရသူ ကနေဒီယံမင်းသမီး ကုမ္ပဏီကို တရားစွဲ

အသက် ၂၀ အရွယ် ကနေဒီယန်မင်းသမီး တေလာဟစ်ဆန်က ရုပ်ရှင်ရိုက်ကူးရင်း မျက်နှာ ဒဏ်ရာရပြီး အမာရွတ်ဖြစ်သွားလို့ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီအနေနဲ့ တာဝန်ရှိတယ်ဆိုပြီး ကုမ္ပဏီကို တရားစွဲလိုက်တယ်လို့ ဒေးလီးမေးလ်သတင်းမှာ မတ် ၇ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်ရှင်ကုမ္ပဏီအသေးတခုက ထုတ်လုပ်တဲ့ သရဲကား Ghostland မှာ ဟစ်ဆန်က မင်းသမီးဖြစ်ပြီး ဒီကားကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာက ကနေဒါနိုင်ငံမှာ ရိုက်ကူးစဉ် မျက်နှာ ဒဏ်ရာရရှိခဲ့တာပါ။ ကုမ္ပဏီကိုတော့ မင်းသမီးက မတ် ၂ ရက်နေ့က တရားစွဲလိုက်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ရိုက်ကူးရေးမှာ ဟစ်ဆင်က မှန်တံခါးကို မျက်နှာချင်းဆိုင်ပြီး မှန်တွေကို သူမရဲ့ လက်သီးတွေနဲ့ ထိုးခွဲလိုက်ရတဲ့အခန်း ရိုက်ကူးရာမှာ အခင်းဖြစ်ပွားခဲ့တာပါ။ ဒါရိုက်တာ ပါစကယ်လော်ဂီရာက မှန်တံခါးကို ပြင်းပြင်းလေးထိုးဖို့ သူမကို ခိုင်းခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီနောက် မှန်ကွဲသွားပြီး သူမရဲ့ဦးခေါင်းနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက တံခါးအတွင်းထဲ ပြုတ်ကျသွားခဲ့တာပါ။ သူမကို ဆေးရုံ ချက်ချင်းတင်ခဲ့ရပြီး မျက်နှာရဲ့ ဘယ်ဘက်အခြမ်းကို အချက် ၇၀ ချုပ်ခဲ့ရတယ်လို့ သိရပါတယ်။ သူမရဲ့ဒဏ်ရာတွေ ဆိုးဆိုးရွားရွား ရထားတဲ့ ဓာတ်ပုံတွေထဲမှာ မေးစေ့ကနေ ပါးပြင်ပေါ်ထိ ပြတ်ရှဒဏ်ရာ အကြီးကြီးနဲ့ သွေးတွေအများကြီးထွက်နေတဲ့ သူမရဲ့ မျက်နှာပုံကိုလည်း တွေ့ရပါတယ်။ ဒဏ်ရာရပြီးကတည်းက မင်းသမီးဟာ သူမ မျက်နှာပေါ်က အပျက်အစီး ဒဏ်ရာကို ပြုပြင်ဖို့ လေဆာ ဆီလီကွန် ကုထုံးတွေနဲ့ ကုသခဲ့တယ်လို့ သိရပြီး သူမအနေနဲ့ စိတ် လုံးဝမလုံခြုံမှုကို ခံစားရတယ်လို့ ဒက်လိုင်းသတင်းဌာနကို ပြောခဲ့ပါတယ်။ အခင်းဖြစ်ပြီး ၁ နှစ်ကျော်ကြာခဲ့ပေမယ့် ဟစ်ဆန်ရဲ့ ဘယ်ဘက်မျက်နှာပေါ်မှာ အနာရွတ်ကြီး ထင်ကျန်ခဲ့တယ်လို့ သိရပြီး နောက်အနာဂတ် လုပ်ငန်းတွေအတွက် သူမရဲ့ ဝင်ငွေ ဆုံးရှုံးရတယ်လို့ တိုင်တန်းချက်ထဲမှာ သူမက ထည့်သွင်းခဲ့တာပါ။ Ghostland သရဲကားကို နောက်အပတ် ပြင်သစ်နိုင်ငံမှာ ပြသမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up