ယူရိုပါလိဂ်တွင် အာဆင်နယ်က အေစီမီလန်ကို ၂ ဂိုး ဂိုးမရှိဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 9 March, 2018
1.3K
0
Share
0
Comment
0
Likes
ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အေစီမီလန်နဲ့ အာဆင်နယ်တို့ မနေ့ကယှဉ်ပြိုင်ရာ အာဆင်နယ်က နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ အာဆင်နယ်အတွက် အခုပွဲ အနိုင်ရခဲ့လို့ ဖိအားတွေက အနည်းငယ် လျော့ပါးခဲ့ရပါတယ်။
အာဆင်နယ်ဟာ ဒီပွဲမှာ ဂိုးသမားအဖြစ် အော့စ်ပင်နာ၊ နောက်တန်းမှာ ချမ်ဘာစ်၊ မူစတာဖီ၊ ကိုစီယယ်နီ၊ ကိုလာစီနက်၊ ကွင်းလယ်မှာ ဝီလ်ရှိုင်းယား၊ ရှာခါ၊ ရမ်ဆေး၊ ဘယ်ညာ တောင်ပံနှစ်ဖက်မှာ အိုဇေးလ်နဲ့ မစ်ခီတာယန်းတို့ကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှူးအဖြစ် ဝဲလ်ဘက်ကို အသုံးပြုခဲ့ပါတယ်။
နည်းပြ ဂတ်တူဆိုလက်ထက် ပုံစံကောင်းနဲ့ ရလဒ်ကောင်းတွေ ရနေတဲ့ အေစီမီလန်ကတော့ အဓိက ကစားသမားတွေနဲ့ အရန်ကစားသမားတချို့ကို ပွဲထွက် အသုံးပြုခဲ့ပါတယ်။
အေစီမီလန်ဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာနဲ့ အာဆင်နယ်ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ်ဂိုးသမားနဲ့ နောက်တန်းက အကောင်းဆုံး ဖျက်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၅ မိနစ်မှာ မစ်ခီတာယန်းနဲ့ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ ရမ်ဆေးတို့က သွင်းယူပေးခဲ့ပါတယ်။
အခုပွဲမှာ အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ မစ်ခီတာယန်းကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီနှစ်သင်း ဒုတိယအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်ကွင်းမှာ လာမယ့် မတ်လ ၁၆ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။