ဂျူဗင်တပ်ကို ရှုံးသော်လည်း ကစားသမားများအတွက် ဂုဏ်ယူဟု စပါးနည်းပြ ပြော

ဂျူဗင်တပ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် အကောင်းဆုံးကစားသွားတဲ့ ကစားသမားတွေအတွက် ဂုဏ်ယူတယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောလိုက်ပါတယ်။ စပါးအသင်းဟာ ပထမအကျော့ အဝေးကွင်းမှာ နှစ်ဂိုးစီ သရေကစားနိုင်ခဲ့ပေမယ့် အိမ်ကွင်းမှာ နှစ်ဂိုး တဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်လိုက်ရတာပါ။ ဂျူဗင်တပ်နဲ့ပွဲမှာ ရလဒ်ပိုင်း ရှုံးသွားပေမယ့် အသင်းကောင်းတသင်းကို ခြေစွမ်းအသာစီးနဲ့ နှစ်ကျော့စလုံး ကစားနိုင်ခဲ့တာကြောင့် ကစားသမားတွေအတွက် ဂုဏ်ယူတယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။ ဒါပေမယ့် အခုလိုအဆင့်မှာ ၃ မိနစ်အတွင်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရတာက ပွဲရဲ့ အလှည့်အပြောင်း ဖြစ်သွားတယ်လို့ ပိုချက်တီနိုက ဆက်ပြောပါတယ်။ ဒီပွဲမှာ စပါးအသင်းက အကောင်းဆုံး ကစားသွားပေမယ့် သမိုင်းအစဉ်အလာနဲ့ အတွေ့အကြုံက အရေးကြီးပြီး ဒီပွဲမှာ အသုံးချကစားနိုင်ခဲ့လို့ အနိုင်ရခဲ့တာဖြစ်တယ်လို့ ဂျူဗင်တပ်နောက်ခံလူ ချီလီနီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up