A d v e r t i s e m e n t With Us

တစညပါတီ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပ

  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် တက္ကသိုလ်ရိပ်သာလမ်း  ပါတီဌာနချုပ်မှာ သဘောထားရပ်တည်ချက် ၆ ချက်ကို ထုတ်ပြန်ပြီး ကျင်းပခဲ့ပါတယ်။ ပါတီအနေနဲ့ တကမ္ဘာလုံးကအမျိုးသမီးထု စွမ်းရည်မြင့်မားရေးနဲ့ ၂၀၁၈ ကုလဦးတည်ချက်ဖြစ်တဲ့ အမျိုးသမီးများဘဝမြှင့်တင်ဖို့ ကျေးလက်မြို့ပြ တက်ကြွ လှုပ်ရှားသူများ ပူးပေါင်းလို့ယခုပင်ကြိုးပမ်းကြစို့ဆိုတဲ့ဆောင်ပုဒ်ကိုအားပေးတဲ့အပြင် ကုလသမဂ္ဂ ပြဌာန်းထားတဲ့ CEDAW သဘောတူစာချုပ်ပါ အမျိုးသမီးအခွင့်အရေးတွေကို မြန်မာ့ရေမြေ သဘာဝနဲ့ အညီလက်ခံကျင့်သုံးသွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အလုပ်ရှားပါးတာ၊ လူကုန်ကူးခံရတာတွေ၊ ကုန်ဈေးနှုန်းမြင့်မားနေ တာတွေအပါအဝင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပြဌာန်းပေးဖို့နဲ့ နေ့စဉ် အသက်အရွယ်မရွေး အကြမ်းဖက်ခံနေရတာတွေကို လျော့နည်းပပျောက်အောင် အစိုးရ အနေနဲ့ ထိရောက်တဲ့ အစီအမံတွေ ချမှတ်ပေးဖို့ တိုက်တွန်းထားတဲ့ သဘောထားထုတ်ပြန်ချက် ၆ ချက်ကို တစညပါတီက ထုတ်ပြန်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို တစညပါတီက ၂၀၁၃ က စတင်ကျင်းပလာတာ ဖြစ်ပြီး ဒီနေ့လည်း  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အကြောင်း စာတမ်းဖတ်ကြားတင်သွင်းခဲ့သလို ရန်ကုန်တိုင်းအတွင်းက ခရိုင်ပါတီဝင်တွေရဲ့ မိသားစုတွေက ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up