A d v e r t i s e m e n t With Us

လူလို ဆေးလိပ် အားပါးတရ ဖွာရှိုက်နေသည့် လူဝံကြီးရုပ်သံ ထွက်ပေါ်

အင်ဒိုနီးရှားနိုင်ငံ တိရစ္ဆာန်ရုံတခုမှာ လူဝံကြီး ဆေးလိပ်သောက်တာကို ရုပ်သံရိုက်ခွင့်ပြုခဲ့တဲ့ ဝန်ထမ်းတွေကို တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက ရှုတ်ချဝေဖန်လိုက်ပါတယ်။ ဘန်ဒေါင်းတိရစ္ဆာန်ရုံက လူဝံရုံထဲကို လာရောက်လည်ပတ်သူတဦးက စီးကရက်တလိပ် ပစ်သွင်းလိုက်ချိန် အသက် ၂၂ နှစ်အရွယ် အိုဒွန်ဆိုတဲ့ လူဝံကြီးက စီးကရက်ကို ကောက်ပြီး မပြတ်ဖွာနေပါတယ်။ အဲဒီမြင်ကွင်းရုပ်သံ ထွက်ပေါ်လာခဲ့ပြီးနောက် ဒီရုပ်သံက လူမှုကွန်ရက်ပေါ်မှာ အမြန် ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်ရုံဝန်ထမ်းတွေကတော့ အစောင့်ရဲ့ အားလပ်ချိန်မှာ ဒီလိုဖြစ်သွားတာလို့ ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်နှုန်းမြင့်တဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး တိရစ္ဆာန်တွေ ကာကွယ်ပေးရေးမှာလည်း ညံ့ဖျင်းတယ်လို့ မှတ်တမ်းရှိကြောင်း သိရပါတယ်။ တိရစ္ဆာန်ရုံရဲ့ ပြောရေးဆိုခွင့်ရှိသူ စူလန်က ဒီလိုပုံစံတွေမဖြစ်ဖို့ တိကျတဲ့ ဆောင်ရွက်ချက်တွေ ရှိတယ်လို့ ပြောလိုက်ပြီး “အဲဒီနေရာမှာ လာရောက်လည်ပတ်သူတွေအနေနဲ့ တိရစ္ဆာန်တွေကို အစားအစာနဲ့ စီးကရက်တွေ ပေးခွင့်မပြုဘူးလို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ထားထားပါတယ်” လို့ ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Indonesia Animal Welfare Society တည်ထောင်သူ မာရီဆန်ဂူစီရာနိုက ထိန်းသိမ်းမှုအားနည်းလို့ဆိုပြီး တိရစ္ဆာန်ရုံရဲ့ စီမံခန့်ခွဲမှုကို ဝေဖန်တိုက်ခိုက်လိုက်သလို တိရစ္ဆာန်ရုံတွေမှာ တိရစ္ဆာန်တွေအတွက် ကောင်းမွန်တဲ့ နေထိုင်မှုအဆင့်အတန်း မရှိဘူးလို့လည်း ပြောလိုက်ပါတယ်။ “လှောင်အိမ်တွေကစပြီး တိရစ္ဆာန်တွေ ကျန်းမာဖို့ လိုအပ်တဲ့ အစားအသောက် ကျွေးတာအထိ တိရစ္ဆာန်ရုံ အားလုံးလိုလိုက အခြေအနေ ဆိုးရွားနေတယ်” လို့ မာရီဆန်က ပြောပါတယ်။ ဘန်ဒေါင်းတိရစ္ဆာန်ရုံထဲက ဝက်ဝံတွေ ပိန်ပြီး အလည်လာသူတွေဆီက အစားအစာတောင်းတဲ့ရုပ်သံ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာပြီးတဲ့နောက် မြို့တော် ဂျကာတာရဲ့ အရှေ့တောင်ဘက် ၉၃ မိုင်အကွာမှာရှိတဲ့ ဒီတိရစ္ဆာန်ရုံကို ပိတ်ပစ်လိုက်ဖို့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးသမားတွေက ၂၀၁၇ ခုနှစ်ကတည်းက တောင်းဆိုခဲ့ကြတယ်လို့လည်း ဘီဘီစီသတင်းမှာ မတ်လ ၇ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up