လျှပ်စစ်ရေနွေးအိုးတည်ရာက ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် မီးလောင်
DVB
·
March 8, 2018
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်းပူရပ်ကွက်နယ်မြေ (၆) သာသနရံသီကျောင်းတိုက်မှာ မတ်လ ၇ ရက် ညနေပိုင်းက လျှပ်စစ်ရေနွေးအိုးတည်ရာကနေ မီးလောင်ပြီး ဆွမ်းစားဆောင် တဆောင် မီးလောင်သွားပါတယ်။
သာသနာ့ရံသီကျောင်းတိုက်မှာ လျှပ်စစ်ရေနွေးအိုးတည်ရာကနေ အပူလွန်ကဲပြီး (၁၀၀ x ၄၀) ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း၊ ဆွမ်းစား ဆောင် တဆောင် မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစိုးဝင်းက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို မြစ်ကြီးနားမြို့နယ် မီးသတ်က ယာဉ် ၇ စီး၊ မီးသတ်ရေယာဉ် ၁ စီး၊ အရန်ရေသယ်ယာဉ် ၅ စီးတို့နဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၅၀ မိနစ်မှာ မီးငြိမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၆ သိန်းလောက်ရှိတယ်လို့ သိရပါတယ်။
မြစ်ကြီးနား အမှတ် (၂) နယ်မြေရဲစခန်းက မီးအားပေါ့ဆစွာ အသုံးပြုသူတဲ့ ကပ္ပိယ ဦးဝင်းထိန်ကို ပုဒ်မ ၂၈၅ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)