သြစတြေးလျတွင် တရက်တည်း ဓားဖြင့်တိုက်ခိုက်မှု ၂ ကြိမ်ဖြစ်၊ ၄ ဦး အပြင်းအထန်ဒဏ်ရာရ

ဓာတ်ပုံ - ရိုက်တာ
1.1K
သြစတြေးလျနိုင်ငံ မြို့တော် ဗီယင်နာက မြို့နယ်တခုမှာ မတ်လ ၇ ရက်က ဓားနဲ့တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး လူလေးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။
ပထမတကြိမ် တိုက်ခိုက်မှုဟာ ဗီယင်နာရဲ့ ဒုတိယမြို့နယ်လို့ခေါ်တဲ့ အရပ်မှာ ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့တာပါ။
အဲဒီအရပ်ဒေသဟာ ဗီယင်နာက ဂျူးလူမျိုးအနည်းငယ် နေထိုင်တဲ့နေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လူတယောက်က မိသားစုတစုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိဘနှစ်ပါးနဲ့ အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူတို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
တိုက်ခိုက်ခံရသူတွေဟာ သြစတြီးယားနိုင်ငံသားတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။
နောက်ထပ် နာရီဝက်အကြာမှာ ဒုတိယမြောက် ဓားနဲ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တဦး ဒဏ်ရာရရှိသွားပါတယ်။
ဒုတိယအကြိမ်ကတော့ ပရာတာစတန် ရင်ပြင်မှာ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဒီတိုက်ခိုက်မှု ဖြစ်စဉ်နှစ်ခု ဆက်စပ်မှုရှိမရှိ၊ တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
နောက်ပိုင်းမှာ အာဖဂန်နစ္စတန်နိုင်ငံသားတဦးကို ဒုတိယအကြိမ် ဓားနဲ့တိုက်ခိုက်မှုမှာ ပတ်သက်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။