Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းတကောင် ပစ်သတ်ခံရ
DVB
·
March 8, 2018
တိုက်ကြီးမြို့နယ် ဥက္ကံသစ်တောကြိုးဝိုင်း အကွက်အမှတ် (၇၄) ကွင်းမြောင်ဒေသမှာ မတ်လ ၆ ရက်နေ့ ညနေ ၄ နာရီခွဲမှာ တောဆင်ရိုင်း အမတကောင် တူမီးသေနတ်နဲ့ ပစ်သတ်ခံရကြောင်း တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနက သိရပါတယ်။ ဆင်ဆရာဝန် ဦးဖြိုးသူအောင်က “ဆင်က အမ်းဆင်အမျိုးအစား၊ အသက် ၅ နှစ်လောက်၊ အမြင့် ၄ ပေ၊ အလျား ၇ ပေ၊ နှာမောင်း ၃ ပေ ၄ လက်မ၊ အမြီး ၃ ပေရှိတယ်။ ဆင်မုဆိုးများကြောင့် သေဆုံးတယ်လို့ယူဆပါတယ်"လို့ ပြောပါတယ်။ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက (ပ)၄၀/၂၀၁၈ တောရိုင်းတိရိစ္ဆာန် ကာကွယ်ရေး ဥပဒေ ပုဒ်မ၃၇ (က)နဲ့ ဥက္ကံနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး တောဆင်ရိုင်းသေဆုံးတဲ့ နေရာမှာ သွားလာရခက်ခဲတာကြောင့် မတ် ၇ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောအုပ်ကြီး ဦးလင်းမောင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းမှာ သေဆုံး၊ သတ်ဖြတ်ခံရမှုတဲ့ ၂၀၁၆ ခုနှစ်မှာ ၂၆ ကောင်လောက် သေဆုံးပြီး၂၀၁၇ ခုနှစ်အတွင်း ၅၉ ကောင်ရှိပြီး အရင်နှစ်ထက် နှစ်ဆကျော် မြင့်တက်နေကြောင်း ၂၀၁၇ အတွင်း သေဆုံး သတ်ဖြတ်ခံရမှုဟာ ဧရာဝတီတိုင်းမှာ ၂၈ ကောင်၊ ရန်ကုန်တိုင်းမှာ အကောင်ရေ ၂၀၊ ပဲခူးတိုင်းမှာ ၂ ကောင်၊ မကွေးတိုင်းမှာ ၂ ကောင်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၂ ကောင် သေဆုံးကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာ နိုင်ငံအစီအစဉ်ရဲ့ စာရင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပထမဆုံးအကြိမ် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တောဆင်ရိုင်းတစ်ကောင် အသတ်ခံရပြီး ဖေဖော်ဝါရီက လှည်းကူးမြို့နယ်နဲ့ တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က စတင်ပြီး တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းအကောင်ရေ ၁၀ ကောင်နဲ့ အထက် အသတ်ခံခဲ့ရပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024