ချောက်မြို့နယ် အိုးဘိုကျေးရွာတွင် မီးလောင်၊ လူ၁၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
DVB
·
March 8, 2018
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာအုပ်စု၊ အိုးဘိုရွာမှာ မနေ့က မီးကျွင်းမီးကျန်ကနေ စတင်မီးလောင်ကျွမ်းခဲ့ပြီး လူနေအိမ် ၂၀လောက်မီးထဲပါသွားကာ ရွာသား ၁၀၀ ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကသိရပါတယ်။
မတ်လ ၇ရက် မွန်းတည့် ၁၂နာရီလောက်က အိုးဘိုကျေးရွာနေ ဦးတင်ညွှန့်နေအိမ် မီးကျွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းခဲ့ရာမှာ နေအိမ် အလုံး၂၀၊ ကြက်၅၃ ကောင်၊ ဆိတ်ကောင်ရေ၈၀၊ ဝက်၅ကောင်၊ ဆိုင်ကယ် ၅စီးနဲ့ စက်ဘီး ၂ စီး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၁၀၂ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကာ ဆုံးရှုးမှုတန်ဖိုးကတော့ ကျပ် သိန်း ၉၀ လောက်ရှိမယ်လို့ မြို့နယ်မီးသတ်က ခန့်မှန်းပါတယ်။
မီးလောင်မှုကို ချောက်နဲ့ ၊ရေနံချောင်းမြို့နယ်က မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံ ကျေးရွာသူ ရွာသားတွေ ပူးပေါင်းမီးငြှိမ်းသတ်ရာမှာ မွန်းလွဲ ၁၂ နာရီ ၄၅ လောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ချောက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးညွှန့်က ပြောပါတယ်။
မီးပေါ့ဆသုံးစွဲလို့ မီးလောင်ကျွမ်းစေခဲ့တဲ့ ဦးတင်ညွှန့်ကို ချောက်မြို့နယ် စလေနယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ (၂၈၅)နဲ့ အမှုဖွင့် စစ်ဆေးအရေးထားပါတယ်။
ကိုလင်း(ချောက်)