A d v e r t i s e m e n t With Us

ချောက်​မြို့နယ်​ အိုးဘို​ကျေးရွာတွင် မီး​လောင်​၊ လူ၁၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

မကွေးတိုင်းဒေသကြီး၊ ​ချောက်​မြို့နယ်​၊ ဆားလယ်​​ကျေးရွာအုပ်​စု၊ အိုးဘိုရွာမှာ မနေ့က မီးကျွင်းမီးကျန်​ကနေ စတင်​မီး​လောင်​ကျွမ်းခဲ့ပြီး လူနေအိမ် ၂၀လောက်မီးထဲပါသွားကာ ရွာသား ၁၀၀ ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကသိရပါတယ်။ မတ်လ ၇ရက် မွန်းတည့် ၁၂နာရီလောက်က အိုးဘို​ကျေးရွာ​နေ ဦးတင်​ညွှန့်​​နေအိမ်​ မီးကျွင်းမီးကျန်​ကနေ  စတင်​​လောင်​ကျွမ်းခဲ့ရာမှာ ​နေအိမ်​ အလုံး၂၀၊ ကြက်​၅၃ ကောင်​၊ ဆိတ်​​ကောင်​​ရေ၈၀​၊ ဝက်​၅​ကောင်​၊ ဆိုင်​ကယ်​ ၅စီးနဲ့ စက်​ဘီး ၂ စီး မီး​လောင်​ဆုံးရှုံးခဲ့ပြီး လူဦး​ရေ ၁၀၂ဦး အိုးမဲ့ အိမ်​မဲ့ ဖြစ်​ခဲ့ရကာ ဆုံးရှုးမှုတန်​ဖိုးကတော့ ကျပ် သိန်း ၉၀ လောက်ရှိမယ်လို့ မြို့နယ်​မီးသတ်​က ခန့်မှန်းပါတယ်​။ မီးလောင်မှုကို ​ချောက်​နဲ့ ၊​ရေနံ​ချောင်းမြို့နယ်​က မီးသတ်တပ်ဖွဲ့တွေနဲ့ ​ဒေသခံ ​ကျေးရွာသူ ရွာသားတွေ ပူး​ပေါင်းမီးငြှိမ်းသတ်ရာမှာ မွန်းလွဲ ၁၂ နာရီ ၄၅ လောက်မှာ ​ မီးငြိမ်းသွားခဲ့တယ်​လို့ ​ချောက်​မြို့နယ်​ မီးသတ်​ဦးစီးမှူး  ဦးစိုးညွှန့်​က ​ပြောပါတယ်​။ မီး​ပေါ့ဆသုံးစွဲလို့ မီး​လောင်​ကျွမ်း​စေခဲ့တဲ့ ဦးတင်​ညွှန့်​ကို ​ချောက်​မြို့နယ်​ စ​လေနယ်​​မြေ ရဲစခန်းမှာ ရာဇသတ်​ကြီး ပုဒ်​မ (၂၈၅)နဲ့ အမှုဖွင့် စစ်​​ဆေးအ​ရေးထားပါတယ်​။ ကိုလင်း(​ချောက်​)

A d v e r t i s e m e n t With Us

More News
Up