Live
Home
မြန်မာသတင်း
ရန်ကုန်တွင် နှစ်လအတွင်း မီးလောင်မှု ၂၈ ကြိမ်ဖြစ်ပွားပြီး ကျပ်သန်းပေါင်း ၄၀၀ ကျော် ဆုံးရှုံး
သူဇာလင်း
·
March 8, 2018
၂၀၁၈ ဇန်နဝါရီကနေ ဖေဖော်ဝါရီလကုန်အထိ နှစ်လတာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ မီးလောင်ကျွမ်းမှုပေါင်း ၂၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ စာရင်းအရ သိရပါတယ်။ ပေါ့ဆမီး ၁၂ ကြိမ်၊ မီးဖိုမီး ၇ ကြိမ်နဲ့ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းတဲ့ မီး ၉ ကြိမ် ရှိခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကတော့  ကျပ်သန်းပေါင်း ၄၀၆ သန်းကျော် ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ အပူချိန်တိုးလာတာကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုင်းတောနဲ့ လယ်ကွင်းတွေ  မီးလောင်ကျွမ်းမှု ပိုများလာတယ်လို့ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ အပူချိန် မြင့်တက်လာတာကြောင့်လည်း ပါသလို လူတွေရဲ့ စည်းကမ်းမဲ့  မီးပေါ့ဆမှုတွေကြောင့် နေ့စဉ်လိုလို မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကိုင်းတောနဲ့ လယ်ကွင်းတွေ မီးလောင်ကျွမ်းမှုတွေလည်း အရင်နှစ်တွေကထက် ပိုများလာတယ်လို့  ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှူးရုံး ဒုညွန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။ ဒါကြောင့် အခုနှစ်မှာ မီးသတ်ဦးစီးဌာနအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အလိုက် မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာဟောပြောပွဲ အစီအစဉ်တွေကို လှည့်လည်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024