A d v e r t i s e m e n t With Us

စပါးကို အနိုင်ယူပြီး ဂျူဗင်တပ် ချန်ပီယံလိဂ် ကွာတားတက် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲစဉ်တွေကို မနေ့က ဆက်လက်ယှဉ်ပြိုင်ရာ ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ အီတလီစီးရီးအေထိပ်သီး ဂျူဗင်တို့ပွဲစဉ်မှာ ဂျူဗင်တပ်က နှစ်ဂိုး တဂိုးနဲ့နိုင်ပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ဂျူဗင်တပ်ကွင်းမှာ နှစ်ဂိုးစီသရေကျခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် လေးဂိုး သုံးဂိုးနဲ့ ဂျူဗင်တပ် နောက်တဆင့် တက်ရောက်သွားတာပါ။ စပါးဟာ တိုက်စစ်မှာ ဟယ်ရီကိန်း၊ အယ်လီ၊ ဆွန်ဟောင်မင် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့သလို ဂျူဗင်တပ်ကလည်း ဒဏ်ရာက ပြန်ကောင်းလာတဲ့ ဒိုင်ဘားလားနဲ့ ဟီဂူအင် တိုက်စစ်အတွဲကို အသုံးပြုခဲ့ပါတယ်။ စပါးအသင်းက အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာစီး ရခဲ့ပေမယ့် တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ အပြည့်အဝ အသုံးမချနိုင်ခဲ့သလို ဂျူဗင်တပ်ကလည်း သမ္ဘာရင့်အသင်းကြီးတသင်းပီပီ အကောင်းဆုံး ထိန်းကစားသွားနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရမှ နောက်တဆင့် တက်ရောက်နိုင်မှာမို့ နှစ်ဖက်ကစားသမားတွေ အပြန်အလှန် ထိုးဖောက်ကစားခဲ့ပြီး ကြည့်ကောင်းတဲ့ပွဲတပွဲ ဖြစ်ခဲ့သလို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ကြတဲ့အတွက်လည်း အဝါကတ် ၇ ကတ်အထိ ပြသခဲ့ရပါတယ်။ အဖွင့်ဂိုးကိုတော့ စပါးက ရခဲ့တာဖြစ်ပြီး ပွဲချိန် ၃၉ မိနစ်မှာ ဆွန်ဟောင်မင်က အနီးကပ် ကန်သွင်းပေးခဲ့ပြီး ပထမပိုင်းမှာ တဂိုး ဂိုးမရှိနဲ့ စပါး ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာ ဂျူဗင်တပ် လူအပြောင်းအလဲတချို့ လုပ်ခဲ့ပြီးနောက်ပိုင်း ကစားပုံ ကောင်းမွန်လာပြီး ချေပဂိုးကို ပွဲချိန် ၆၄ မိနစ်မှာ တိုက်စစ်မှူး ဟီဂူအင်နဲ့ အနိုင်ဂိုးကို ၆၇ မိနစ်မှာ တိုက်စစ်မှူး ဒိုင်ဘားလားတို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် စပါးတိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့တဲ့ ဂျူဗင်တပ် နောက်ခံလူ ချီလီနီကို သတ်မှတ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up