နေပြည်တော်တွင် ငလျင်လှုပ်
DVB
·
March 8, 2018
မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်အနီးမှာ ရစ်ခ်ျတာစကေး ၅.၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မတ်လ ၈ ရက် မြန်မာစံတော်ချိန် ၃ နာရီ ၄၃ မိနစ် ၈ စက္ကန့်အချိန်က နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၂ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မြောက်လတ္တီတွဒ် (၁၉.၉၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။