ဘေဆယ်နှင့် ချန်ပီယံလိဂ်ပွဲကို လျှော့မတွက်ရန် မန်စီးတီးနည်းပြ တိုက်တွန်း

1.3K
ပထမအကျော့မှာ လေးဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပေမယ့် ဘေဆယ်နဲ့ ချန်ပီယံလိဂ်ပွဲကို လျှော့မတွက်ကြဖို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက တိုက်တွန်းလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီကနေ့ညမှာ ဘေဆယ်နဲ့ ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာပါ။
ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပြီး အနီကတ်အပြခံရပြီး တယောက်လျော့နဲ့ ကစားရတဲ့ အခြေအနေ ကြုံခဲ့မယ်ဆိုရင် ရလဒ်ပြောင်းသွားနိုင်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။
မန်စီးတီးအသင်းဟာ ၀ီဂန်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲကလို တယောက်လျှော့ အနေအထားနဲ့ ကစားရပြီး ရှုံးနိမ့်သွားတဲ့ အဖြစ်မျိုးကို သင်ခန်းစာယူကြဖို့လည်း ဂွါဒီယိုလာက ကစာသမားတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ဖို့ သေချာသလောက် ဖြစ်နေပေမယ့် လက်ကျန်ပွဲစဉ်တွေကို လေးလေးစားစား ကစားကြဖို့ လိုတယ်လို့လည်း ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။