A d v e r t i s e m e n t With Us

မြောက်ကိုရီးယားရည်ရွယ်ချက် လေ့လာရန်လိုဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ပြော

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက်တွေဟာ ရှင်းရှင်းလင်းလင်း မရှိတာကြောင့် ဂရုတစိုက် စိစစ်လေ့လာဖို့ လိုဦးမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး အိဆုနိုရီ အိုနိုးဒဲရာက မတ်လ ၇ ရက်နေ့မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးက အခုလို ပြောလိုက်တာပါ။ အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲဖြစ်ဖို့ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယား လျှော့ချရေး တိကျတဲ့ခြေလှမ်းတွေ လှမ်းရမယ်လို့ ဝန်ကြီးက ပြောပါတယ်။ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့ ပူးပေါင်းပြီး မြောက်ကိုရီးယားကို ဖိအားပိုပေးသွားမယ့် ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက် မပြောင်းလဲဘူးလို့လည်း ဝန်ကြီးက ပြောပါတယ်။ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ပြုံချန်းမြို့မှာ မတ်လ ၅ ရက်နေ့က ပထမဆုံး သွားရောက်တွေ့ဆုံခဲ့ပြီးတဲ့နောက် တောင်နဲ့မြောက် ကိုရီးယားခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ့်သတင်းကို ထုတ်ပြန်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up