A d v e r t i s e m e n t With Us

အာဆင်နယ်ပရိသတ် ၈၈ ရာခိုင်နှုန်းက နည်းပြ အာစင်ဝင်းဂါးကို ထုတ်ပယ်ရန် ဆန္ဒရှိ

ဓာတ်ပုံ - PA Wire/PA Images
စစ်တမ်းတခုအရ အာဆင်နယ်ပရိသတ် ၈၈ ရာခိုင်နှုန်းဟာ နည်းပြ အာစင်ဝင်းဂါးကို လာမယ့်နွေရာသီမှာ ရာထူးကနေ ထုတ်ပယ်ဖို့ ဆန္ဒရှိကြတယ်လို့ သိရပါတယ်။ အာဆင်ပရိသတ်တွေအနေနဲ့ ရလဒ်ဆိုးရွားမှုတွေကြောင့် နည်းပြ အာစင်ဝင်းဂါးကို ရာထူးကနေ ထုတ်ပယ်လိုတာဖြစ်ပြီး ဘရိုက်တန်အသင်းကို နှစ်ဂိုး တဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲစဉ်မှာလည်း ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အာဆင်နယ်ပရိသတ် ၁၀၀၀ ကို ဆန္ဒကောက်ခံခဲ့ရာမှာ ၇ ရာခိုင်နှုန်းကပဲ နည်းပြ အာစင်ဝင်းဂါးကို ဆက်လက်ကိုင်တွယ်စေလိုပြီး ၈၈ ရာခိုင်နှုန်းက အာစင်ဝင်းဂါးကို နုတ်ထွက်စေလိုတယ်လို့ သိရပါတယ်။ အသက် ၆၈ နှစ်ရှိ ပြင်သစ်နည်းပြ အာစင်ဝင်းဂါးဟား အာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ်ကနေ လက်ရှိအချိန်အထိ ၂၂ နှစ်ကြာ တာဝန်ယူထားသူ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up